အခန်း(၁၉)

13.2K 1.3K 11
                                        

Unicode

အခန်း(၁၉) စာပေအဖွဲ့အစည်း

ဇွန်လအလယ်လောက်မှာ နေက မြို့တော်တစ်ခွင် ခြစ်ခြစ်တောက်ပူပြင်းနေ၏။ အပြင်ကိုထွက်ရုံနဲ့တင် လူ တွေကို အသက်ရှူမရအောင် ဖြစ်စေနိုင်သည်။ ဒီလို ပူအိုက်နေတဲ့ရာသီဥတုကြီးထဲမှာ ကုကျင်သည် သူမရဲ့ လွယ်အိတ်ကိုလွယ်ကာ တိုက်ခန်းမှထွက်လာပြီး ကျောင်း သို့ အပြေးအလွှား သွားနေသည်။

အင်္ဂါနေ့ နေ့လည်ချိန်ပြီးရင် ကျန်တဲ့အချိန်တွေ အတွက် အတန်းမရှိတော့ပေ။ ဒါကြောင့် ကျောင်းသား အများစုက သစ်ပင်အရိပ်အောက်မှာ နှစ်ယောက်ချင်း သုံးယောက်ချင်း ရပ်နေကြသည်။

အချို့ကတော့ သူတို့ကိုယ်သူတို့ ရေခဲမုန့် သို့မဟုတ် ဆေးဖက်ဝင်လက်ဖက်ရည်အေးဖြင့် ကျွေးမွေးပြုစုနေကြ ၏။

ထိုစဥ် ဟန်ရှင်းစာပေအဖွဲ့အစည်း အတွင်းမှာ​တော့ ကျောင်းသားအုပ်စုတစ်စုက သူတို့ပရောဂျက်ကို လုပ်ရင်း မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ စာရွက်မူကြမ်းတွေကို နိဂုံးချုပ်ပေးရတဲ့ တည်းဖြတ်သူတွေဟာဆိုရင် အီးမေးလ် ဖြင့်ပို့လာတဲ့ အီလက်ထရောနစ်စာမူတွေကို ကြည့်ရှုဖို့နဲ့ သူတို့ကို တည်းဖြတ်ပေးဖို့ တာဝန်ရှိသည်လေ။

ဒီလိုပူပြင်းလှတဲ့နေ့မျိုးမှာ အခန်းထဲရှိ တစ်ခုတည်း သော မျက်နှာကျက်ပန်ကာကလည်း တကျွိကျွိမည်နေ၏။

"ဟင်း...ဟန်ရှင်းစာပေအဖွဲအစည်းကို ဝင်ပြီးနောက် သမုဒ္ဒရာချောက်နက်ကြီးထဲ ဆင်းလိုက်ရသလိုပါပဲလား.. အားလပ်ရက်တွေက အသင်းဝင်ပြီးနောက် ကျွန်တော်တို့ လက်ချောင်းတွေကြားထဲကနေ ထာဝရပျောက်ကွယ်သွား ခဲ့တယ်"

စာရွက်ဖြင့် ရေးသားထားသောစာမူတွေကို တည်း ဖြတ်ဖို့ရာ တာဝန်ရှိသည့် အသားညိုညိုလူငယ်လေးက ရေတစ်ခွက်လောက် လှမ်းယူလိုက်၏။ ရေခွက်က အလွတ်ပဲဖြစ်နေတာကိုသာလျှင် တွေ့လိုက်ရလေသည်။ သူ့ရဲ့မျက်မှန်ကိုင်းထူထူကြီးကို ဖယ်၍ မကျေမနပ်ဖြစ် ကာ စားပွဲကို မှီလိုက်၏။

"အခုထွက်သွား! မင်းအဖွဲ့ထဲမှာ နေချင်သေးရင် လုပ် လက်စအလုပ်ကိုဆက်လုပ်။ မနေချင်တော့ရင်နှုတ်ထွက်"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Место, где живут истории. Откройте их для себя