အခန်း - ၃၄

9.6K 1.2K 34
                                    

Unicode

အခန်း(၃၄) သူက နင့်ကို ဂရုစိုက်ပါတယ်

ကုကျင်ရဲ့မျက်ဝန်းတွေက အံသြတကြီး ပြူးကျယ် သွားသည်။ လူအားလုံးထဲမှာမှ ချုန်ရှင်း ဘာကြောင့် သစ္စာ ရှိခြင်းနှင်ပတ်သတ်လို့ တအားမိမိကိုယ်မိမိ ယုံကြည်လွန်း စွာ ပြောနေရသလဲ? ဒါကြီးက ရယ်စရာပဲ။

သူမရဲ့မျက်ဝန်းတွေကို အောက်စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

"နင်မသိဘူးလား? ငါရှောက်ချောင်နဲ့ လမ်းခွဲလိုက်ပြီ ဆိုတာကို!"

"လမ်းခွဲတယ်?" ချုန်ရှင်းက ထပ်ပြော၏။

"နင်တို့ ဘယ်လိုဖြစ်လို့ လမ်းခွဲလိုက်ကြတာလဲ? ရှောက်ချောင်က နင့်အပေါ် တစ်ခုခု အမှားလုပ်ခဲ့တာ လား?"

ချုန်ရှင်းက ဒေါနဲ့မောနဲ့ ပြောလေသည်။

"ကောင်းတယ် ရှောက်ချောင်.. နင် ငါ့အချစ်ဆုံးညီမ လေးကို အနိုင်ကျင့်ရဲတယ်... ကုကျင် နင် စောင့်နေ.. အဲ့ကောင်ကို သင်ခန်းစာကောင်းကောင်းပေးဖို့ ငါ ကျင် ဟောက်ကို ငါနဲ့တူတူ ခေါ်လာမယ်"

"အဲတာက သူ့အမှားမဟုတ်ပါဘူး"

ကုကျင်က ရှင်းပြ၏။

"ငါကသာ သူ့ကို အဆက်ဖြတ်ခဲ့တာ"

ချုန်ရှင်းသညိ ဖုန်းခေါ်မလို့ပင် ရှိသေး၏။ သူမက သူမကြားလိုက်သည့်အရာကို မယုံကြည်နိုင်ဘဲ ရုတ်ချည်း တန့်သွားခဲ့သညိ။

"ဘယ်လိုဖြစ်လို့........နင်ဘက်ကနေ..."

သူမက ကုကျင်ရဲ့စိတ် ပြီးတော့ သူမ(ကုကျင်) ​ရှောက်ချောင်ကို ဘယ်လောက်တောင်ကြိုက်လဲဆိုတာကို သိထား၏။

သူမ ကျင်ဟောက်နဲ့သူမရဲ့ဆက်ဆံရေးကို အတည် မပြုရသေးစဥ် သူတို့အုပ်စုလိုက်ကြီး အပြင်ထွက်တိုင်း ကုကျင်က အမြဲတမ်း ရှောက်ချောင်ကို ကြည့်​နေတတ်ပြီး မသိမသာ ရှက်နေတတ်သည်။

ချုန်ရှင်းမှာ ကုကျင်လို အနေအထိုင်တတ်ပြီး သိမ်မွေ့ တဲ့မိန်ကလေးမျိုး တစ်ခါမှမတွေ့ဖူးပေ။

ဒါကြောင့် သူမက ရှောက်ချောင်ကို ငြင်းလိုက်ပြီး နောက် သူတို့နှစ်ယောက်ကို အတွဲတွေဖြစ်သွားစေဖို့ကူညီ ခဲ့သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now