အခန်း - ၁၅၂

3.2K 279 0
                                    

Unicode

အခန်း(၁၅၂)နောက်ဆုံးပိုင်း- အရင်ဘဝ(၁)

ဆေးရုံရှိ သားဖွားဆောင်အပြင်ဘက်မှာ လူပေါင်း များစွာ ဖြတ်သွားဖြတ်လာလုပ်နေကြ၏။

ရှောက်ချောင်သည် ဝင်ပေါက်၏ အနည်းငယ်ခပ် လှမ်းလှမ်းမှာ မတ်တပ်ရပ်နေပြီး ခေါင်းငိုက်စိုက်ဖြင့် မျက်ခုံးတို့က စိုးရိမ်မှုတို့နှင့်တွန့်နေခဲ့သည်။

ချုန်ရှင်း မီးဖွားခန်းထဲသို့ဝင်သွားတာ ၅ နာရီကျော် လေပြီ။ သို့တိုင် ဘာလှုပ်ရှားမှုမှမမြင်ရသေး။ ရှောက် ချောင် ကြားဖူးတာ တစ်ခုရှိ၏။ မိန်းမတစ်ယောက်ဟာ ကလေးမွေးတော့မယ်ဆိုရင် သေခြင်းနှင့်ရှင်ခြင်းကြား စည်းပေါ် လမ်းလျှောက်နေရသလိုပဲတဲ့။ ချုန်ရှင်းဟာ ဘယ်တုန်းကမှ ခက်ခဲမှုကို မခံစားခဲ့ရဖူးသော နူးညံ့သည့် မိန်းမငယ်လေးဖြစ်သည်။ ဒီလိုသာဆိုရင်တော့....

"နိုး နိုး နိုး!"

ရှောက်ချောင်သည် သူ့စိတ်ထဲမှ ထိုကဲ့သို့ ဆိုးဝါးသော အတွေးများကို လျစ်လျူရှူဖို့ သူ့ကိုယ်သူ ဖိအားပေးနေရ သည်။

ချုန်ရှင်း၏ကိုယ်ဝန်စစ်ဆေးမှုက အခြေအနေကောင်း သတဲ့။ ဆိုတော့ သေချာပေါက် မတော်တဆဆိုတာမျိုး မရှိလောက်ပါဘူး။

ဒါပေမယ့် မစိုးရိမ်ဘဲ မနေနိုင်။ ချုန်ရှင်းဟာ ကိုယ်ဝန် လွယ်ထားရတာ ၈လကျော်တဲ့အချိန် ဒီမနက်မှာသာ လှေကားပေါ်က ချော်မကျခဲ့ရင် ကလေးမွေးဖို့မတိုင်ခင် အချိန်ပိုရခဲ့ဉီးမှာ။

ပြောလေ့ရှိကြတာက"ခုနစ်က ရှင်နိုင်ပေမယ့် ရှစ်က တော့ မဖြစ်နိုင်ဘူး"တဲ့။

{T/N: တရုတ်မှာ ပြောကြတာက ၇လနှင့်မွေးလာတဲ့ ကလေးက ရှင်နိုင်ပေမယ့် ၈လနဲ့မွေးလာတဲ့ကလေးက တော့ မရှင်နိုင်ဘူး}

ရှောက်ချောင်၏လက်များက လက်သီးဆုပ်အသွင် ကွေးသွားပြီး နဖူးထက်မှာ ချွေးများစို့လာ၏။

ကျင်ဟောက်သည် ရုတ်တရက်ကြီး အလုပ်ခရီးထွက် သွားခဲ့သည်။ အဖော်လိုက်ပေးမယ့်သူမရှိ၊ သေရေးရှင်ရေး ဖြစ်နေသောချုန်ရှင်းကို ထားခဲ့၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now