အခန်း - ၄၅

10.9K 1.2K 27
                                        

Unicode

အခန်း(၄၅)ထူးချွန်တဲ့မြစ်ကလေး-၁

ဖျားနာမှုက တောင်တစ်တောင်၌ မြေပြိုသကဲ့သို့ ရုတ်ခြည်းရောက်ရှိလာခဲ့ပြီး ပြင်းထန်လှပေသည်။သို့သော် နာလန်ထူခြင်းကတော့ အချိန်အကြာကြီး ယူရပေ၏။ ဤဝါကျဟာ ရွှီမိသားစုအတွက်တော့ ချဲ့ပါးပြောခြင်း မဟုတ်ပေ။

ရွှီမိသားစုစု၌ အိပ်ရာပေါ်တွင် လဲနေခဲ့သောလူကြီး ဟာ သူတို့မိသားစုအတွက် တောင်တစ်တောင်နှင့်အလား တူပေသည်။

ရွှီပိုင်ရှန့်ဟာ စစ်ပွဲကာလမှာ နေထိုင်ခဲ့ရပြီးတော့ စစ်မြေပြင်မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့သည်။ တူညီတဲ့မျိုးဆက်မှာ အခြားသောလူကြီးတွေက အခုချိန် မှာတော့ ကမ္ဘာမြေကြီးရဲ့အောက်မှာ မြှုပ်နှံထားခံရပေပြီ။ ပြီးတော့ သူတို့ရဲ့တစ်သက်တာ လုပ်ဆောင်ချက်တွေဟာ ဆိုရင် အခြေခိုင်မာတဲ့ Zနိုင်ငံမှာ အချက်အချာကျသော ကဏ္ဍမှာ ပါဝင်ခဲ့ကြလေ၏။

Zနိုင်ငံတစ်ခုလုံးကလူတွေဟာ ရွှီမိသားစုနဲ့ မျက်နှာ ချင်းဆိုင် တွေ့ဆုံမိတဲ့အခါမှာ လေးစားမှုကို ပြကိုပြကြရပါ သည်။

အသက်(၇၁)နှစ်မတိုင်ခင်အထိ ရွှီပိုင်ရှန့်ဟာ ကျန်းမာ ရေးကောင်းမွန်လှပြီး သူ့မိသားစုဟာလည်း သူ့ရဲ့ကျန်းမာ ရေးနဲ့ပတ်သက်ပြီး အနီးကပ်အာရုံစိုက်မှု ထားရှိခဲ့ကြ၏။ ဒါပေမယ့် နောက်ဆုံးမှာတော့ အိုမင်းရင့်ရော်ခြင်းရဲ့ အကျိုးဆက်တွေကိုတော့ တွေ့ကြုံရစမြဲပါပဲလေ။ ဇွန်လ ရဲ့ရာသီဥတုဟာ အေးစက်တဲ့မနက်ခင်းတွေကနေ မရောင့် ရဲနိုင်တဲ့အပူချိန်အထိ နားရက်ရဲ့တစ်ချိန်လုံး ဖြစ်ပေါ်နေ လေ၏။ သခင်ကြီးရွှီဟာ ထိုမနက်ခင်း၌ စောစောစီးစီး ထလာတဲ့အခါမှာ အအေးမိသွားပြီးတော့ အဲ့နောက်မှာ ညနေခင်းအထိ ပြင်းထန်တဲ့ဖျားနာမှုကို ခံစားခဲ့ရလေ တော့သည်။

ဖျားနာမှုနဲ့ကြုံတဲ့အခါမှာ သူဟာ သူ့ရဲ့အရေးပေးခံရ တဲ့ မြေးမုမျင်ချန်ရဲ့အကြောင်း ပြောတာကို မရပ်တော့ပေ။

သူ့ရဲ့မြေးရွှီချုံဟွိန်က ​နှောင့်နှေးခြင်းမရှိဘဲ မုမျင်ချန် ကို ချက်ချင်းလာခဲ့ဖို့ ဖုန်းခေါ်ခဲ့သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Место, где живут истории. Откройте их для себя