Unicode
အခန်း(၆၈) ဆေးရုံမှ ဆင်းခွင့် ပြုလိုက်တယ်
ကံမကောင်းစွာနဲ့ပဲ ကမ္ဘာပေါ်မှာ နောင်တ,တရား အတွက် ဆေးမရှိပေ။
ချုန်ရှင်းတောင်းပန်လိုက်ပြီးနောက် ကျင်မိသားစုက အခြား ဧည့်သည်တွေနှင့် နှုတ်ဆက်စကားပြောဆိုရန် ထွက်သွားခဲ့ကြသည်။
မုမျင်ချန် သူဘယ်လိုထူးဆန်းတဲ့ဆေးကို သောက်မိခဲ့ သလဲဆိုတာတော့ မသိပေ .. သို့သော် သူမှာ တကယ့်ကို ကုကျင်နဲ့သူရဲ့ဆက်ဆံရေးကို လူသိရှင်ကြားဖော်ထုတ်ဖို့ အစစ်အမှန်ဆန္ဒရှိနေခဲ့သည်။
ဒင်နာပွဲက နောက်နှစ်နာရီလောက်ထိ ကျင်းပဆင်နွှဲ ခဲ့၏။ ဒေါက်ချွန်ဒေါက်မြင့် ဖိနပ်စီးခြင်းမှာ ကျင့်သားမရ သေးတဲ့ကုကျင်မှာတော့ ခြေမျက်စိအောက်ပိုင်းက နာကျင်မှုတွေ စတင်ခံစားလာရပြီ။ ရွေးချယ်စရာမရှိတော့ ဘဲ မုမျင်ချန်ကိုပဲ မှီထောက်ထားရတော့သည်။
သူ့မပုံရိပ်အတွက် သူမမှာ မုမျင်ချန်ရဲ့လက်မောင်းကို ချိတ်တွဲထားသလိုမျိုး ဟန်ဆောင်နေရပေမယ့် အမှန် တကယ်မှာတော့ သူမခန္ဓာကိုယ်ရဲ့အလေးချိန်တစ်ဝက်ကို သူ့အပေါ် တွန်းတင်ထားရသည်။
ကုကျင်ရဲ့ကိုယ်နေဟန်ထားကို ထောက်ဖို့ ကူညီပေး နေရတဲ့မုမျင်ချန်ကတော့ အခြားသူတွေရဲ့ ခွက်ချင်းတိုက် ဂုဏ်ပြုမှုတွေကို ယဉ်ကျေးစွာ ငြင်းပယ်လို့နေခဲ့သည်။
"အားနာပါတယ်ဗျာ.. ဒါပေမယ့် ကျွန်တော့်သက်ဆိုင် သူက ကျွန်တော့ကိုယ်ပေါ်မှာ ဝိုင်နံရနေတာမျိုးကို မနှစ် သက်လို့ပါ"
ထို့နောက် သူက သူ့လက်မောင်းပေါ်မှာ မှီနေတဲ့
ကုကျင်ကို ကြည့်လိုက်လိမ့်မယ်။ ကြည့်ပြီးနောက် သူမကို တောင်းတောင်းပန်ပန် ပြုံးပြလိမ့်ဉီးမယ်။
မျက်လုံးရှိတဲ့လူတိုင်း ဒီကြီးစိုးခြယ်လှယ်လွန်းလှသူ အမျိုးသားက သူ၏ချစ်သူကောင်မလေးရဲ့ချွဲနွဲ့မှုကြောင့် ဘယ်လောက်တောင် အကူအညီမဲ့သလဲဆိုတာ ရှင်းရှင်း လင်းလင်းမြင်နိုင်သည်။ သူက သူမကို လူရှေ့သူရှေ့ တောင် သဲသဲလှုပ်ချစ်မြတ်နိုးလွန်းပြီး အလိုလိုက်လွန်း သည်။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
