အခန်း - ၄၃

11K 1.2K 34
                                        

Unicode

အခန်း (၄၃) Sugar Baby - 2

ဝတ္ထုဇာတ်ကြောင်းအရဆိုရင် သူမက ဒီလိုအပြုအမူ မျိုးနဲ့ စော်ကားရိုင်းပြရမှာ။ CEOရဲ့ black cardကို ပုတ်ထုတ်။ သဘာဝကျကျ "ကျွန်မက ပိုက်ဆံအတွက် ဒီမှာရှိနေတာမဟုတ်ဘူး" ဒါမှမဟုတ် "အလုပ်ကို ဂုဏ် သိက္ခာရှိရှိလုပ်ဆောင်ပါ" အဲလိုမျိုးတွေ ပြောလိုက်သင့် တယ်.....သူ့ရဲ့စိတ်ဝင်စားမှုကို ရယူနိုင်ဖို့လေ...။

ကုကျင်က အဲလိုမျိုးလုပ်ကြည့်ဖို့ကို နည်းနည်းတော့ စိတ်လှုပ်ရှားနေမိသည်။

ဒါပေမယ့်လည်း သူမ တကယ်လုပ်လိုက်မယ်ဆိုရင် မုမျင်ချန်က အဖျားရှိနေသလားလို့ဟာသအလား သေချာ ပေါက် သူမနဖူးကို စမ်းကြည့်လိမ့်မယ်။ အဲ့နောက် သူမကို ဆေးရုံက ဦးနှောက်အထူးပြုဆီ တန်းပို့လိုက်ပေလိမ့်မည်။

ကုကျင် သူမဇာတ်ကွက်အတိုင်း သဏ္ဍာန်မလုပ်နိုင် တာကို နောက်တရနေမိသည်။ ဒါပေမယ့်လည်း သူမ တခြားသူဆီက ပိုက်ဆံကို လက်မခံချင်ဘူး။ အထူးသဖြင့် မုမျင်ချန်ဆီကပေါ့....အကယ်၍ သူက ရေးသားထားခြင်း မရှိတဲ့အခြားအခြေအနေတစ်ခုကို ထည့်လိုက်ရင် ဘယ်လို လုပ်မလဲ....?

သူမက ငြင်းပစ်လိုက်ဖို့ပဲ ...ခရက်ဒစ်ကဒ်ကို ထိလိုက် တဲ့နောက်မှာ​တော့ သူမရဲ့စိတ်ကို ပြောင်းလိုက်ပြီး ကဒ်ကို ယူလိုက်တော့သည်။ သူမရဲ့အမူအရာကတော့ အံ့အား သင့်စရာတစ်ခုဖြစ်နေပြီး သူမက ညုတုတု ပြောသေး၏။

" ကျေးဇူးပါ,မစ္စတာမု"

မုမျင်ချန်က အနည်းငယ်ကြောင်သွားမ်သည်။ ကဒ်က သူ သူမနဲ့တူတူ ရှော့ပင်မထွက်ပေးနိုင်တဲ့အကြောင်း ကိစ္စအတွက် အစားထိုးပေးလိုက်တာပင်။ သို့သော် သူမက အလွယ်တကူ လက်ခံလိုက်တာကို မြင်လိုက်ရတော့ သူ့ကို နည်းနည်းတော့ ကသိကအောက်ဖြစ်စေသည်။

သူ့ရဲ့အမျိုးသမီးအတွက် ပိုက်ဆံသုံးတာက မှန်တာပဲ မဟုတ်လား...?

"မင်း ဘာဝယ်ချင်တာလဲ"

သူက သူ့ရဲ့မကျေနပ်မှုကို ဖိနှိပ်ရင်း မေးလိုက်၏။

ကုကျင်က ပြုံးပြီး သဘောရိုးဖြင့် ပြောလေသည်။

"သဘက်ခါကျရင် ဒင်နာပွဲတစ်ခုရှိတယ်..အဲ့အတွက် ဝတ်စုံနည်းနည်းဝယ်ရမယ်.."

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Onde histórias criam vida. Descubra agora