Unicode
အခန်း(၅၃) ကျင်မိသားစုပါတီပွဲ-၃
သူတို့စုံတွဲက တူတူရပ်လိုက်ကြပြီး ခန်းမထဲသို့ လမ်း လျှောက်သွားခဲ့သည်။
ရုတ်တရက် မုမျင်ချန်က သူ့ခြေလှမ်းတွေကို ရပ် လိုက်ကာ ကုကျင်ကို စိုက်ကြည့်သည်။ ပြီးတော့ သူမကို ချိတ်လိုက်ဖို့ရန် သူ့လက်မောင်းကို ပေးလာ၏။ သူ့ရဲ့ နှုတ်ခမ်းထောင့်တွေက ရည်မွန်တဲ့အပြုံးတစ်ခုအဖြစ်သို့ မြင့်တက်နေကာ ယဥ်ကျေးခန့်ညားသော ပညာရှင် အမျိုးသားတစ်ယောက်အလားပင်။
ကုကျင်သည် ခေါင်းငုံ့ပြီး သူ့အကြည့်ကို ရှောင်၏။ ဆံချည်မျှင်လေးတစ်ချို့က သူမနဖူးပေါ် ဝဲကျနေပြီး တလက်လက်တောက်ပနေသောနားကပ်က တဖိန့်ဖိန့် တောက်ပနေတဲ့အလင်းကို ရောင်ပြန်ဟပ်လို့နေသည်။
အလင်းတောက်ပမှုတွေအောက် ဒီသိက္ခာရှိသမီးပျို လေးရဲ့ပုံရိပ်လေးမှာ အရှက်သည်းနေမှုလေးအနည်းငယ် ရောပါနေကာ သူမမျက်နှာပေါ်ရှိ ရှက်ဝဲဝဲလေးဖြစ်နေမှုက အသက်ရှုမှားလောက်တဲ့ dressရှည်နဲ့ လုံးဝ လိုက်ဖက်ညီ နေ၏။
မုမျင်ချန်ရဲ့ရည်ရွယ်ချက်အတိုင်း ကုကျင်က သူမရဲ့ လက်ကို သူ့လက်မောင်းမှာချိတ်လိုက်ပြီး သူ့ရဲ့ဦးဆောင်မှု နောက် လိုက်ပေးလိုက်ပါသည်။
မကြာမှီပင် သူတို့ရဲ့ဆင်တူတဲ့ ပြောဆိုပြုမှုပုံတွေနဲ့ ဒီလှပနှစ်သက်ဖွယ်စုံတွဲက သူတို့အနီးအနားရှိ ဧည့်သည် တော်တွေဆီမှ အကြည့်စူးစူးတွေကို ဆွဲဆောင်လိုက်နိုင် သွားသည်။
ထိုအချိန်မှာပင် သက်ကြီးပိုင်းအရွယ် တည်ငြိမ်တဲ့ အသံတစ်ခုက ခန်းမထဲ ဖုံးလွှမ်းသွားသည်။ လူအုပ်ကြီးကို ငြိမ်သက်ကျသွားစေရင်းပေါ့...။ ကျင်မိသားစု၏ အကြီး အကဲက အမှာစကားပြောသည်။ ဒီလိုညစာစားပွဲတွေရဲ့ အဖွင့်အမှာစကားတွေကတော့ အကြောင်းအရာအတူတူ တွေပါပဲ။ သူက ဒီပွဲကိုတက်ရောက်ဖို့ သူတို့တွေရဲ့မအား မလပ်သော အချိန်ဇယားထဲမှ အချိန်ဖဲ့ပေးတဲ့အတွက် ဧည့်သည်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
အမှာစကားကဆိုရင် တက်ရောက်ချင်နေခဲ့တဲ့ ကျင် ရော့ရဲ့ဖခင်ဖြစ်သူက ပြောကြားသင့်တာပင်။ ဒါပေမယ့် ကျင်မိသားစုရဲ့အကြီးအကဲက လူကိုယ်တိုင်တက်ရောက် လာခဲ့တဲ့အတွက်ကြောင့် ဒင်နာပွဲက ပိုမိုကြီးမားတဲ့ အဓိပ္ပါယ် သက်ရောက်သွားခဲ့သည်။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
