Unicode
အခန်း(၁၀၆)ကျင်မိသားစု ပဋိပက္ခ-၁
ကျင်မိသားစု....
ကျယ်ဝန်းတောက်ပသော အခန်းအတွင်း၌ အဖိုးတန် ရှုခင်းပန်းချီကားများနှင့် လက်ရေးလှများဖြင့် နံရံကို အလှ ဆင်ထားသည်။ အိမ်၏အဓိကခန်းမကို ရှေးဟောင်းပရိ ဘောဂများဖြင့် တန်ဆာဆင်ထားခဲ့သည်။
မဟော်ဂနီရောင် လက်ဖက်ရည်စားပွဲပေါ်တွင် ခရမ်း ရောင်ရွှံ့စေး ရေနွေးကရားအိုးသည် အချို့သော ကြော့ရှင်း မှုနှင့် မြင့်မြတ်မှုတို့ကို ထင်ဟပ်ပြသနေသည်။ ရေနွေး ကရားအိုး၏ဘေးတွင် ရေနွေးငွေ့ ရေးရေးထွက်နေသော ခွက်ပေါင်းများစွာ ရှိနေခဲ့သည်။ လက်ဖက်ရည်၏ရနံ့သည် တစ်ခန်းလုံးတွင် ပျံ့နှံ့နေပြီး လန်းဆန်းသောလေထုကို ဖြစ်ပေါ်စေသည်။
••••••••••••
ထိုအချိန်သည် ဆိတ်ငြိမ်အေးချမ်းသော အခြေအနေ ဖြစ်သင့်သော်လည်း လက်တွေ့တွင်တော့ လက်ရှိလေထု အခြေအနေသည် တိတ်ဆိတ်ပြီး ကြောက်စရာကောင်း နေခဲ့သည်။
အချိန်ခဏကြာသော် ခြောက်သွေ့နေသော လက် တစ်ဖက်သည် လက်ဖက်ရည်ခွက်ကို ထိလိုက်သည်။
အကြီးအကဲကျင်သည် ခန်းမအလယ်ရှိ ကုလားထိုင် ပေါ်တွင် ထိုင်နေခဲ့သည်။ သူ၏ မီးခိုးရောင်ထန်ဝတ်စုံ သည် မည်သည့်ပန်းထိုးအဆင်တန်ဆာမျှ မပါဘဲ ရိုးရှင်း လှသည်။ သို့သော် သူ့အသက်အရွယ်နှင့်ပင် သူသည် စိတ်ဓာတ်ပြည့်ဝနေဆဲပင်။ သူ၏တိမ်ဖုံးနေသောမျက်ဝန်း များနှင့် အဖြူရောင်ဆံပင်တို့သည် သူ၏အရှိန်အဟုန်ကို အားမနည်းစေသည့်အပြင် သူ၏ ခြိမ်းခြောက်နိုင်သော အရှိန်အဝါကိုပင် ပို၍အားကောင်းစေခဲ့သည်။ ထိုနေရာ၌ စကားတစ်ခွန်းမှမပြောဘဲ ထိုင်နေရုံနှင့်ပင် သူ့အရှေ့တွင် ရှိသောလူများကို အလွန့်အလွန် ဖိစီးမှုများစွာ ခံစားရစေ နိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ ခွက်ထဲမှ ရေနွေးငွေ့များ ပင် နည်းသထက်နည်းလာသည်(အေးစက်လာ) ။ သူ့ဘေး ရှိကျင်မိသားစုဝင်များသည် သူ၏ ခက်ထန်သောမျက်ဝန်း များကို တိုက်ရိုက်ကြည့်ဖို့နေနေသာသာ အသက်တောင် မရှူရဲခဲ့ကြပေ။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
