အခန်း - ၆၇

10K 1K 44
                                        

Unicode

အခန်း(၆၇)ပြန်လှည့်လို့မရနိုင်သောအခြေအနေ

ဒီအချိန်မှာတော့ ကျင်ဟောက်ရဲ့အမူအရာက ပိုပြီး တော့တောင်မှ မည်းမှောင်လို့သွား၏။ ဝိုင်ခွက်တစ်ဝိုက်က သူ့ရဲ့ဆုပ်ကိုင်ထားမှုက တင်းကြပ်သွားခဲ့ပြီး အနည်းငယ် တုန်ခါသွားခဲ့သည်။ ထိုခဏမှာ သူသာ အားနည်းနည်း ထပ်ထည့်လိုက်မယ်ဆိုရင် အချိန်မရွေး ကွဲကြေသွားတော့ မည့်နှယ်။

သူ့မှာ မုမျင်ချန်ကိုဦးညွှတ်ပြီး တောင်းပန်ဖို့ကိုတောင် မှ သူ့ကိုယ်သူ မနည်းတွန်းအားပေး ထိန်းချုပ်ထားခဲ့ရတာ။

ဒါပေမယ့် သူအသိအမှတ်တောင် မပြုခဲ့တဲ့ မိန်းမ တစ်ယောက်ကို သူက တောင်းပန်နိုင်မှာတဲ့လား?။

သူသည် ပတ်ပတ်လည်ရှိ လူအုပ်ကြီးဆီကနေ အကြည့်စူးစူးတွေကို ခံစားခဲ့ရပြီး သူ့ရဲ့နှလုံးသားထဲကနေ သရော်လိုက်တယ်....ငါ တကယ်ကို အဲ့လိုလုပ်ခဲ့မယ်ဆိုရင် ငါဟာ မနက်ဖြန်ကျရင် အင်ပါယာမြို့တော်တစ်ခုလုံးရဲ့ ဟာသတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိ ဘူး။

အချိန်ခဏလောက်အထိ ကျင်ဟောက်သည် ဘာ လှုပ်ရှားမှုကိုမှ မပြ။

အကြီးအကဲကျင် မျက်မှောင်ကြုတ်လိုက်မိပြီ..။ ဒီ တစ်ကြိမ်တော့ မုမျင်ချန်လွန်လွန်းသွားပြီလို့ သူမြင်မိ၏။

သို့သော်လည်း သူရဲကောင်းက အလှလေးကို ကယ် တင်ခြင်းဆိုတဲ့ဇာတ်ကွက်မျိုးက ကျင်ဟောက် ဆီမှာ ဖြစ်ပျက်နေခဲ့ပြီကိုး။ မုမျင်ချန်က ဒီရှုလိုဖွယ်ကောင်းတဲ့ အလှလေးက သူ့ရဲ့ချစ်သူပါလို့ ဆိုနေခဲ့တဲ့အတွက် ထို လုပ်ရပ်တစ်ခုတည်းကပင် ဒီမိန်းကလေးရဲ့တည်ရှိမှုကို အသိအမှတ်ပြုခြင်းနဲ့ ညီမျှနေခဲ့ပြီလေ။

ဒါပေမယ့် စောစောလေးတုန်းက ကျင်ဟောက်က တကယ်ကြီးပြောခဲ့တာက..... မုမျင်ချန်ရဲ့မိန်းကလေးက သူ့ချစ်သူကို ကလေးထိန်းတစ်ယောက်လိုမျိုး အလုပ် အကြွေးပြုရမယ်... ဆိုပြီးလေ။

ပြီးတော့ ကုကျင်က ဘယ်သူ့ကို စောင့်ရှောက်ပေးရ မှာတဲ့လဲ?.. အရှက်မရှိငိုယိုနေခဲ့တဲ့ ထိုဦးနှောက်မရှိတဲ့ မိန်းကလေးကိုလား?......။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now