အခန်း - ၈၄

7.1K 732 16
                                        


ဒီအခန်းကတော့ မတ်လမှာ မွေးနေ့ကျရောက်ခဲ့တဲ့ caca ရဲ့ဒါဒါလေးတစ်ယောက်အတွက်ပါ။ ရေးပေးမယ်ပြော ထားပြီး လိုင်းတွေဖျက်လိုက်လို့ မတင်ဖြစ်လိုက်တာပါ။ ဒါဒါလေး လိုက်မတက်ဖြစ်ရင်လည်း လိုင်းတက်တဲ့အချိန် ဒါလေးကို တွေ့ဖို့မျှော်လင့်ပါတယ်။

အခန်း(၈၄)မမျှော်လင့်ထားသော ဧည့်သည်-၂

အပြင်ဘက်က တံခါးခေါက်သံသည် ဧည့်ခန်းထဲရှိ လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားသည်။

"ဘယ်သူကများ အပြင်ကနေ ဒီလောက်အကျယ်ကြီး ခေါက်နေရတာလဲ?"

တစ်ခုခုတော့ မဟုတ်တော့သလို ကုလင်က ဝေဖန် သည်။ သူမရဲ့မျက်လုံးတို့က သံသယဖြစ်ဖွယ် သူမ၏ ဝမ်းကွဲဖြစ်သူထံ ရောက်သွားသည်။

"ရှောင်ကျင်နဲ့သိတဲ့ တစ်စုံတစ်ယောက်များလား?"

"နင် ပင်လယ်ထဲမှာ နေတယ်ဆိုရုံနဲ့ ပင်လယ်ကြီး ဘယ်လောက်ကျယ်သလဲဆိုတာ သိတယ်လို့မဆိုလို ဘူး" ** ကုထောင်သည် သူရဲ့တူတွေကို စိတ်ရှည်လက်ရှည် အောက်ချရင်း ဝေဖန်သည်။

(**T/N:တစ်စုံတစ်ယောက်ကို နားညည်းလွန်းတယ်လို့ ပြောချင်တဲ့သဘောပါ)

"မှတ်ထားနော်...မဟုတ်ရင် စားခွက်ပျောက်နေမယ်"

တုန်လှုပ်သွားသည့် ကုလင်ဟာ ရဲတက်လာသော မျက်ဝန်းတို့ဖြင့် အဘွားဖြစ်သူကို လှမ်းကြည့်သည်။ ထိုအခါမှ ကုဘွားဘွားက ပြောလာသည်။ ဘယ်သူမှ သူမ ကို အပြစ်မတင်ပါဘူးရယ်ပေါ့။ ဟုတ်တာပေါ့.. ဒီမိသားစု က သူတို့တွေသည် သွေးသားမတော်စပ်တာကြောင့် သူမ ကို အထင်သေးကြတာ။

နှုတ်ခမ်းကိုကိုက်ရင်း သန်မာချင်ယောင်သာဆောင် နေသည်။ သို့သော် သူမ ဝေ့ကြည့်လိုက်တော့ မသိမသာ ပြုံးနေသောလီမျင်ရှာကို မြင်လိုက်ရသည်။

တကယ်ဆို တစ်ဉီးတစ်ယောက်ရဲ့ ပုံစံအစစ်အမှန် ပေါ်ပေါက်သွားခြင်းက အကျပ်ရိုက်စေသည်။ နောက်မှ ထိုသူရဲ့ပုံရိပ်ကို ပြောင်းဖို့မလွယ်တော့ပေ။

အမျိုးသမီးကြီးသည် သူမရဲ့ သွေးသားရင်းမြေးမကို လျစ်လျူရှုထားစဉ် ကျေးဇူးမသိတတ်သော မျက်ဖြူမြေ ခွေးတစ်ကောင်ကို မွေးမိခဲ့ပြီ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Место, где живут истории. Откройте их для себя