အခန်း - ၁၂၁

4.9K 438 8
                                        

Unicode

အခန်း(၁၂၁)နောက်ထပ်တွေ့ဆုံမှု

ရှန့်စစ်ယွီက ဟာသနှော၍ပြောလာ၏။

"ကုကျင်, ငါတော့ နင့်ပေါင်ကိုပဲ အတင်းဖက်ထား တော့မယ်နော်.. ကျေးဇူးပြုပြီး အနာဂတ်မှာ ငါ့ကို စောင့် ရှောက်ပေးပါဉီး"

ရှန့်စစ်ယွီသည် ရှောက်ချောင် လာသည့်နေ့က ထို နေရာမှာ မရှိခဲ့ပေ။ ထို့ကြောင့် ခေါင်းစီးထွက်လာသည့် အတိုင်းသာ သတင်းသဲ့သဲ့ကြားရ၏။ သူမရဲ့ကောင်လေး အား ထိုအကြောင်းကို မေးသောအခါ သိတဲ့အကြောင်း ပြော၏။ အသေးစိတ် မေးပါသော်လည်း သူကတော့ အဖြေမပြောပြဘဲ ပဟေဠိဆန်စွာ ပြုံးတုံ့တုံ့လုပ်နေခဲ့၏။

ကုကျင် မျက်လုံးတွေကို လှိမ့်ပြပြီး ပြောလိုက်၏။

"ဟုတ်ပါပြီ, ဒါပေမယ့် ငါ့ပေါင်က နင်ဆွဲထားဖို့ အတွက် တုတ်လွန်းနေမှာစိုးတယ်"

ရှန့်စစ်ယွီသည် မသိစိတ်၏စေ့ဆော်မှုကြောင့် ဂျင်း ဘောင်းဘီနှင့် ဖုံးအုပ်ထားသော သူမသူငယ်ချင်း၏ ဆွဲ ဆောင်မှုရှိသည့် ပေါင်တံသွယ်သွယ်လေးတွေကို ကြည့်မိ သွားကာ မှတ်ချက်ပြု၏။

"ငါကတော့ မုမျင်ချန်ကြီး စိတ်တိုသွားမှာစိုးလို့ နင့်ကို မတွယ်ကပ်လိုက်နိုင်မှာပဲ စိုးတယ်"

သူတို့နှစ်ဉီး စာကြည့်တိုက်ထဲသို့ ရောက်ခဲ့သောအခါ လေအေးပေးစက်မှ လေအေးအေးလေးကို ခံစားလိုက်ရ ပြီး စာကြည့်တိုက်၏ ဆိတ်ငြိမ်လေထုထဲ နစ်မြုပ်သွားခဲ့ ကြတော့၏။

*** *** ***

ကုကျင်သည် ဖတ်စာအုပ်ထဲ ခေါင်းစိုက်နေရင်း စာရေး,ပုံဆွဲလုပ်နေခဲ့သည်။ ရုတ်တရက် သူမ၏မျက်ဝန်း ထောင့်ဆီမှ ရင်းနှီးနေသောပုံရိပ်တစ်ခုကို လှမ်းထောက်မိ သွားသည်။

*** *** ***

နေ့ခင်းအချိန်, ကော်ဖီဆိုင်ထဲမှာ ထိုင်နေကြသည့် စားသုံးသူအနည်းငယ်သာ ရှိ၏။

နေအလင်းရောင်သည် ဖန်သားပြတင်းပေါက်ဆီမှ ဖြတ်ဝင်လာခဲ့ပေမယ့် ပိုးသားလိုက်တာတွေနှင့် ပိတ်ဆို့ ခြင်း ခံထားရကာ အလင်းတန်းအနည်းငယ်ကိုသာ ပို့ဆောင်နိုင်ရှာသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now