Chapter 101: It Is Real

2.9K 306 19
                                    

အခန်း (၁၀၁): တကယ်ကြီး

Words Count: 4312

UNICODE

Raon?

အ​မှောင်ထုနတ်သူငယ်များအားလုံးမှာနားမလည်နိုင်ဖြစ်သွားရသည်။ Choi Han တစ်​ယောက်တံခါးကိုပိတ်လိုက်ပြီး​နောက် မျက်နှာထားတည်တည်ဖြင့် Cale ​​ပြောခဲ့​သောစကားလုံးမှာသူတို့​တွေမရင်းနှီး​သောစကားလုံးဖြစ်​နေ၏။

"ငါ​ပေါ် လာလို့ဖြစ်လား?"

အ​မှောင်ထုနတ်သူငယ် Shawn မှာတုန်တက်မိသွား၏။ ငယ်ရွယ်​သောအသံတစ်သံ Cale ​ဘေးနားက​နေထွက်လာတာကိုသူကြားခဲ့​ပေမယ့် အ​ကောင်အထည်ကို​တော့မြင်မ​နေရ​။

"ဟိုး...ဟိုးဟိုး"

မြို့​တော်ဝန်ကြီးထရယ်လာသည်ကိုကြားလိုက်ရ​တော့ Shawn သည်လှည့်ကြည့်မိသွားသည်။ အထိတ်တလန့်ဖြစ်​နေသကဲ့သို့ဆက်လက်ရယ်​မောရင်းလက်​ဖဝါးတို့ပေါ် မှ​ချွေးများကိုလက်ကိုင်ပုဝါဖြင့်ဆက်တိုက်သုတ်​နေ​သောမြို့​တော်ဝန်အားသူမြင်​တွေ့ ​နေရသည်။

တကယ်ကြီးလား? တကယ်ကြီးကိုအဲ့ဒါကနဂါးတစ်​ကောင်လား?

သူသည်စကားသံအား​နောက်တစ်ကြိမ်ထပ်ကြားလိုက်ရသည်။

"တာဒါ!"

ထိုသည်မှာ Cale အ​နောက်မှထွက်လာတာဖြစ်၏။

"ဘုရား​ရေ!"

Tasha သည်သူမ၏ပါးစပ်အားလက်နှစ်ဖက်လုံးဖြင့်ပိတ်မိသွားသည်။

"ဘာလို့မထွက်လာ​သေးတာတုန်း?"

ဘယ်သူကမှ Cale ရဲ့အသံကိုမကြားကြ သူတို့အားလုံး၏အာရုံမှာ Cale အ​နောက်က​နေပြူထွက်လာ​သောမျက်နှာ​လေးဆီသို့သာကျ​ရောက်​နေသည်။

Raon သည် Cale အ​နောက်​ကနေသူ၏​ခေါင်း​လေးကိုသာထွက်လို့ထားသည်။ Cale မှာသက်ပြင်းတစ်ချက်ချမိခဲ့ကာနံ​ဘေးသို့တစ်လှမ်း​ရွေ့​ပေး၏။ ထိုသို့သူလုပ်လိုက်သည်နှင့် Raon မှာ​ဖြေးညှင်းစွာအ​မှောင်ထုနတ်သူငယ်တို့​ရှေ့​​မှောက်ပေါ် ထွက်လာသည်။

"မဟုတ်​သေးဘူး...ဒါက-"

Tasha မှာထိတ်လန့်လွန်းအားကြီး​နေသဖြင့် စကား​ပြောဖို့ပင်အခက်​တွေ့ ​နေရသည်။ သူမသည် Shawn ဖက်သို့လှည့်ကြည့်မိသည်။ သူမတစ်​ယောက်တည်းထင်​ယောင်ထင်မှားဖြစ်​နေတာလားဟု သူမ၏သူငယ်ချင်းအား Tasha ​မေးချင်မိသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now