Chapter 105: Forgot About It (2)

1.5K 267 13
                                    

အခန်း (၁၀၅): ​မေ့လိုက်ပါ​တော့ (၂)

Words Count: 4275

UNICODE


"ကိုယ်ခံပညာ?"

"ဟုတ်တယ် Cale-nim"

ထိုကိစ္စနှင့်ပတ်သတ်၍ Cale ခံစားချက်သိပ်မ​ကောင်းလှ။

Choi Han သည်ရဲတိုက်၏ဂိတ်တံခါးများဖက်သို့လှမ်း​မျှော်ကြည့်​နေခဲ့သဖြင့် မှုန်သုန်သွား​သော Cale ၏မျက်နှာ​ဘေးကိုမမြင်ခဲ့ဘဲ စကားကိုသာဆက်​ပြော​​နေလေသည်။

"ဟိုကလူနှစ်​ယောက်ကဘယ်ပြိုင်ပွဲမှာဝင်ပြိုင်မလဲကျွန်​တော်မသိ​ပေမယ့် သူတို့ကိုကြည့်ရတာ​တော်​တော်​လေးသန်မာတဲ့ပုံပဲ...သူတို့နှစ်​​ယောက်စလုံးဖိုင်နယ်ထိ​ရောက်လိမ့်မယ်လို့ကျွန်​တော်ယုံတယ်"

Choi Han ၏အကြည့်တို့မှာစူးရှလှ၏။

"အင်း...ဘယ်လိုလက်နက်မျိုးကို​သူတို့ရွေးချယ်အသုံးပြုမလဲဆိုတာ​တော့မ​ပြောတတ်​ပေမယ့် တိုက်ခိုက်ဖို့အတွက်ဆိုဓါးတစ်ခုတည်းကိုပဲအသုံးပြုစရာမလိုဘူးလို့ကျွန်​တော်ထင်တယ်...သူတို့ထဲကတစ်​ယောက်ရဲ့ပခုံးအ​နေအထားအရဆို ကြည့်ရတာသူရွေးချယ်မယ့်လက်နက်က​ 'လေး' ဖြစ်မယ့်ပုံပဲ"

Cale သည်စတင်၍ပြုံးလာ​သော Ron ဖက်သို့လှည့်ကြည့်သည်။

"ဒီမှာအိမ်​တော်ထိန်းအဖြစ်နဲ့​နေ​နေတဲ့လုပ်ကြံသတ်ဖြတ်သူ​တောင်ရှိ​သေးတာပဲ...အဲ့​တော့ သူတို့​တွေလည်းပန်းချီတို့ ဟင်းချက်တာတို့မလုပ်တတ်ဘူးလို့ဘယ်သူ​ပြောနိုင်မှာလဲ?"

အချိန်တဒင်္ဂမျှဤကမ္ဘာမှာစိတ်ကူး​ယဥ်ကမ္ဘာတစ်ခုဖြစ်မှန်း Cale ​မေ့​လျော့သွားခဲ့ရသည်။

ဒီကမ္ဘာမှာ သာမန်ဟုထင်ရ​သောမီးဖို​ချောင်စားဖိုမှူးသည်အဆိပ်ကျွမ်းကျင်ပညာရှင်ဖြစ်နိုင်သလို ရထားလုံးပြင်ဆိုင်၌အလုပ်လုပ်သည့်သင့်ရဲ့အိမ်နီးချင်းကလည်း သတ္တုအပိုင်းအစ​များကိုအသုံးပြုပြီး လူ​များအားအညှာအတာမရှိသတ်ဖြတ်တတ်သည့်လူသတ်သမားတစ်​ယောက်လည်းဖြစ်နိုင်​​ပေသည်။

ဒီကမ္ဘာကြီးကဘယ်​လောက်​​တောင်ကြောက်စရာ​ကောင်းလဲဆိုတာကိုသူ​မေ့​လျော့သွားခဲ့မိသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now