Chapter 131: Not Scared (2)

1.2K 261 9
                                    

အခန်း (၁၃၁): မ​ကြောက်​ပေါင်

Words Count: 4067

UNICODE

သူမှာ​ကြောက်လန့်မ​နေသည့်အတွက်​ကြောင့်ကိစ္စများမှာ​ချော​​ချော​မွေ့ ​မွေ့ ဖြစ်ခဲ့သည်။ ထို့​ကြောင့်ပဲ Cale သည်အလင်းမဲ့​တောအုပ်ထဲသို့မြန်ဆန်စွာပင်ဦးတည်ဝင်သွားခဲ့​တော့သည်။

"သ-သခင်​လေး...ကျွန်​တော်​ရှေ့ကဦး​ဆောင်ပါ့မယ်!"

အလင်းမဲ့​တောအုပ်ဝင်​ပေါက်ကိုမြင်လိုက်ရ​​သော် Hilsman သည်​ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သို့​သော် သူသည်သူ့အား​ကြောင်အမ်းစွာဖြင့်စိုက်လို့​ကြည့်နေ​သောလူနှစ်​ယောက်၏မျက်နှာအား​တွေ့ လိုက်ရ​တော့၏။

တစ်​ယောက်မှာ Cale ဖြစ်၍ကျန်တစ်​ယောက်မှာမူ Eruhaben ဖြစ်​ချေသည်။

သို့​သော် ​နောက်ထပ်သက်ရှိ​လေးတစ်​ကောင်မှာ Hilsman အားအနည်းငယ်မျှစိတ်သက်သာရာရသွား​​အောင်ကူညီ​ပေးခဲ့၏။

"ဟုတ်တယ်! ဒုကပ္ပတိန်ကြီး သွားကြစို့!"

ထိုသည်မှာ Raon ဖြစ်​ချေသည်။

Raon သည်ကိုယ်​ယောင်ပြကာ Hilsman အားအပြုံး​လေးဖြင့်အား​ပေး၏။ Hilsman သည်လည်းပဲပြုံးရယ်လာ၏။ သို့​သော် Cale သည်လျင်မြန်စွာပဲကြားဝင်ဖြတ်​ပြောသည်။

"Hilsman မင်းအလင်းမဲ့​တောအုပ်ရဲ့အလယ်ဗဟို​နေရာပိုင်းကို​ရောက်ဖူးလား?"

ဒုကပ္ပတိန်မှာမနှစ်က​ဆောင်းရာသီ၌ဝံပု​လွေက​လေးဆယ်​ယောက်နှင့်အတူအလင်းမဲ့​တောအုပ်၏အပြင်ပိုင်း​နယ်​မြေဘက်တွင်​လေ့ကျင့်ခဲ့ဖူးသည်။

"ကျွန်​တော် Choi Han ​နောက်က​နေတစ်​ခေါက်လိုက်သွားဖူးပါတယ်! ​​ကျေးဇူးပြုပြီးကျွန်​တော့်ကိုယုံပါ"

"...​ကောင်းပြီ"

Cale သည် Hilsman အားခပ်သွက်သွက်သွားရန်လက်ဖြင့်​ဝေ့ရမ်းကာအမူအရာပြလိုက်သည်။ Hilsman သည်​ခေါင်းကိုငြိမ့်၍စတင်လမ်း​လျှောက်​တော့သည်။

​​သူ့​နောက်က​နေအေး​အေးလူလူ​လမ်း​လျှောက်ရင်း Cale သည်​ဘေးသို့လှည့်ကြည့်မိသည်။ Eruhaben မှာအ​စောနကအချိန်တည်းကတိတ်ဆိတ်​နေတာဖြစ်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now