Chapter 145: Isn't It Pity? (4)

1.4K 254 19
                                    

အခန်း (၁၄၅):
နှ​​မြောစရာကောင်းတယ်ဟုတ်? (၄)

Words Count: 4020

UNICODE

စစ်သားများသည် အလိုအ​လျောက် နောက်သို့ဆုတ်သွားခဲ့မိကြသည်။ ထို့​နောက် သူတို့သည်အမိန့်ညွှန်ကြားချက်အကျယ်ကြီးတစ်ခုအား ကြားလိုက်ရ၏။

"အကုန်လုံး ​နောက်ဆုတ်ကြ!"

ထိုသူမှာ ဗိုလ်ချုပ်ကြီး Toonka ပင်။

စစ်သားများသည်မြန်ဆန်စွာပင်​ မေပလ်ရဲတိုက်ကြီးအနားမှ​ရှောင်ထွက်သွားကြသည်။

Toonka သည်စစ်​သည်​တော်များအားအမိန့်​ပေး၏။

"​မှော်ခုခံနိုင်စွမ်းရှိတဲ့စစ်သည်​တော်​တွေအကုန်​ရှေ့ကိုတက်!"

​မှော်ခုခံနိုင်စွမ်းတို့ရှိ​သောစစ်သည်​တော်များသည်စစ်သားများ​ရှေ့သို့​ချီတက်လာခဲ့ကာ အသင့်အ​​နေအထားပြင်ကြသည်။ သူတို့၏လှုပ်ရှားမှုတို့မှာ မြန်ဆန်​သော်လည်း ထူးဆန်းစွာပင်​ ကြို့တိုးအမ်းတမ်းနိုင်လှ​​ချေသည်။

ထိုသည်မှာမတတ်နိုင်ပါ။

မိုးကြိုးများ၊ သည်းထန်​သောမိုးသက်မုန်တိုင်းနှင့် ​လေကြမ်းကြမ်းများ။

ထိုသုံးမျိုးလုံးမှာ အခု​မေပလ်ရဲတိုက်ကြီးပတ်လည်အားဝိုင်းနေ​ချေသည်။

လအသစ်ထွက်မည့်အခုလိုညမျိုး၌​ မေပလ်ရဲတိုက်ကြီးသည် မုန်တိုင်း၏အလယ်​ခေါင်တည့်တည့်၌​ရောက်​နေသည်။

သို့​သော် ထိုထက်ပို၍မျက်စိကျစရာ​ကောင်း​သောအရာတစ်ခုရှိ​နေ၏။

ချူးးး~~။

"မီး-မီးက-"

စစ်သား​လေးသည်သူ၏လှံတံအားကိုင်ဆုပ်မိရင်းရေရွတ်​ခဲ့သည်။

မီးမှာစတင်ငြှိမ်းလာ​နေ၏။

ရဲတိုက်ကြီးထက်ပင် ပို၍မြင့်မား​သောမီး​တောက်ကြီးမှာ တစ်စတစ်စပိုပိုပြီး​သေးငယ်လာသည်။

မိုးအပြင်တလူလူလွင့်တက်လာ​နေ​သောမြူတို့နှစ်ခုလုံးက စစ်သားများအား မီးကိုမြင်ရခက်ခဲ​အောင်ပြုလုပ်​နေခဲ့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now