Chapter 168: Perhaps (3)

878 164 1
                                    

အခန်း (၁၆၈): မဟုတ်မှလွဲ​ရော (၃)

Words Count: 4259

UNICODE

အိမ်တစ်လုံးမှာ​ပေါက်ကွဲထွက်သွားပြီး လူတစ်​ယောက်သည်လည်းလွင့်ထွက်သွား၏။ 

သို့​သော်ညား ကျန်သည့်အရာအားလုံးမှာ​မူ တည်တည်ငြိမ်ငြိမ်ရှိလှ​ပေ၏။ 

ထိုသည်တစ်ခုနှင့်တင် ဤ​နေရာမှာထူးဆန်းသည်ဟုသတ်မှတ်ဖို့ Cale အတွက်ကျိန်း​သေကိုလုံ​လောက်​သွားသည်။ 

"အင့်" 

'ဒါမယ့် အဲ့ထက်​အ​ရေးကြီးတာက သူက​တော်​တော်​လေး ​လေးသားပဲ' 

Cale သည်​ခေါင်းကိုငုံ့ကြည့်လိုက်​တော့ Raon သည်သူ၏အကြည့်တို့အား​ရှောင်လွှဲသွားခဲ့​လေသည်။ 

Raon သည်တစ်မီတာ နှင့် ဆယ့်ငါးစင်တီမီတာမှ​နေ အခု ငါးစင်တီမီတာ ထပ်၍ရှည်လာခဲ့သလို ပို၍လည်းလေးလာခဲ့သည်။ 

"ဟတ်ချိုး!" 

နှာ​ချေလိုက်ပြီး သူ၏အကြည့်တို့အားလွှဲ​ရှောင်နေ​သော Raon သည်ပြုံးတုံးတုံးလုပ်၍​နေသည်ကို သူမြင်​နေရ၏။ Cale သည်သူ၏​ခေါင်းအားခါရမ်းမိချင်ပါ​သော်လည်း သည်းခံလိုက်ကာ ​တောင်ကြီးတစ်​တောင် အဲ့​လေ အ​ဝေးမှလူ​နေအိမ်တစ်အိမ်အားလှမ်း​မျှော်ကြည့်လိုက်သည်။ 

ထိုအချိန် သူသည် Witira ၏အသံအားကြားလိုက်ရ၏။ 

"အခုနကလွင့်ထွက်သွားတဲ့တစ်​ယောက်က​ဝေလငါးပြာ​လေ" 

"အိုး" 

Cale သည်အားကျမှုအပြည့်ပါ​သောပင့်ရိူက်သံတစ်ခုအားပြုမိသည်။ 

​ဝေလငါးပြာ။ သူတို့၏နာမည်အတိုင်း ​ဝေလငါးပြာများမှာမ​ကောင်းဆိုးဝါး နှင့် နဂါး ​နောက်အကြီးမားဆုံးသတ္တဝါများဖြစ်ကြ​ပေသည်။ 

Cale ၏တုံ့ပြန်ချက်၌ Witira သည်ညှင်သာစွာပြုံးလာကာစတင်ရှင်းပြ​တော့သည်။ 

"သူတို့တွေက​ဝေလငါးမျိုးနွယ်စုထဲမှာအကြီးဆုံးပဲ​လေ...အသန်မာဆုံးဆိုလည်းဟုတ်တာ​ပေါ့" 

သူတို့နှစ်ဦးစလုံး၏အကြည့်တို့သည် ​အနှီ​ဝေလငါးပြာကြီးလွင့်စင်သွား​သော​နေရာဆီသို့ကျ​ရောက်သွားသည်။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now