Chapter 119: Nice To Meet You (2)

1.3K 246 7
                                    

အခန်း (၁၁၉): ​တွေ့ ရတာဝမ်းသာပါတယ် (၂)

Words Count: 5262

UNICODE

Cale မှာမ​တွေး​တောမိဘဲမ​နေနိုင်ရ။

'ငါ့ဆီမှာငါ​တောင်မသိတဲ့တိရစ္ဆာန်​တွေနဲ့နှီးနွှယ်မှုများရှိ​နေတာလား?'

​တော​ကောင်​မျိုးနွယ်စု​ပေါင်းများစွာနှင့်ဘာ​​ကြောင့်များသူဆက်တိုက်ပတ်သတ်​နေမိရသလဲဆိုသည်ကို သူနားမလည်ပါ။ ထပ်​ဆောင်းဆိုရ​သော် သူတို့အကုန်လုံးမှာ အကျဥ်းအကြပ်ထဲ​ရောက်​နေရင်​နေ မဟုတ်ရင် အန္တရာယ်ထဲ​ရောက်​နေကြသည့်​တော​ကောင်လူမျိုးများဖြစ်​နေကြ​လေသည်။

'မသိရင်ငါကတိရစ္ဆာန်​ဆေးရုံပဲဖွင့်ထားသလိုလို'

Cale သည်သူ့ပတ်လည်အားတစ်ချက်လှည့်ကြည့်မိသည်။ Ron နှင့် Beacrox တို့မှာ Witira ​​နှင့် Cale ဘေး၌သူတို့အားချည်းကပ်လာသူများကိုမြင်ရ​အောင် တစ်ဖက်တစ်ချက်ဆီမတ်တပ်ရပ်​နေကြသည်။ သူတို့နှစ်ဦးမှာအ​တော်​လေးကိုထက်မြက်ကြသည့်သားအဖအတွဲဖြစ်​လေသည်။

Cale ၏အကြည့်တို့သည် Witira ဖက်သို့ပြန်​ရောက်သွားခဲ့သည်။

"မစ္စဖလှယ်ချင်တဲ့သတင်းကဘာများပါလဲ?"

Cale ၏အကြည့်ကိုမြင်ပြီးသည့်​နောက် Witira သည်သူမ၏​အောက်နူတ်ခမ်းအားလျှာဖြင့်သပ်မိသည်။ သူမ​ပေးမည့်သတင်းအချက်အလက်အ​ပေါ် ၌ မည့်သည့်စိတ်ဝင်စားမှုကိုမှမပြသသည့် Cale ကိုမြင်ပြီး​နောက် သူမမှာအာ​ခြောက်သွားရသည်။

သို့​သော်လည်း ​လော​လောဆယ် Cale ၏စိတ်အ​ခြေအ​နေမှာ​ဗြောင်းဆန်​​နေ​ချေ​လေသည်။

'ကျား​တွေနဲ့ပါငါပတ်သတ်ရရင်​တော့​တော်​တော်ကိုဗြောင်း​သတ်​တော့မှာပဲ'

​နောက်ဆုံး​တော့ Witira စတင်စကား​ပြောလာချိန်တွင် Cale မှာသူ၏အနာဂတ်ကြီးဘယ်​လောက်​တောင်ဆိုးရွားကုန်မလဲဆိုသည်အား​ တွေး​နေခဲ့သည်။

"တကယ်​တော့သခင်​လေးဖက်ကကျွန်မတို့ကိုဘာသတင်းအချက်အလက်မှ​​ပေးစရာမလိုပါဘူး...ကျွန်မတို့ဖက်ကပဲသခင်​လေးဆီပေးသွားမှာပါ"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now