Chapter 185 : Young master-nim, You Really Are...(4)

832 135 3
                                    

အခန်း (၁၈၅): သခင်​လေးတစ်​ယောက်က​တော့... (၄)

Words Count: 4479

UNICODE

တိတ်ဆိတ်မှုတို့မှာဧည့်​တွေ့ ခန်းထဲ၌ပြည့်သွား၏။

Antonio သည်ကျစ်ကျစ်ပါ​အောင်ဆုပ်ထား​သောသူ၏လက်သီးဆုပ်အားစိုက်ကြည့်မိခဲ့ကာအသာပြန်ဖြန့်ခဲ့သည်။ သူ၏လက်ဗလာအားသူမြင်​နေရ၏။

ဤစကားဝိုင်းမှ​နေ သူနှင့်ပတ်​သတ်သောအ​ကြောင်းအရာတစ်ခုအားသတိပြုမိသွားခဲ့သည်။

Cale Henituse ​က​​တောင်းဆိုခဲ့တာကစကားစမြည်​ပြောရုံ​လေး​ပြောဖို့​​မေးမြန်းခဲ့တာကို ဘာလို့ သူက သူ့ဆီက​နေပြီး Cale Henituse ကတစ်စုံတစ်ခု​တောင်းဆိုချင်​နေတယ် ဒါမှမဟုတ် သူ့အားခြိမ်း​​ခြောက်အကြပ်ကိုင်​တော့မယ်ဟု ထင်​နေခဲ့ရတာလဲ?

သူ၏လက်ဗလာကျင်းထဲ၌မျက်နှာဖုံးတစ်ခုရှိ​နေသလိုမျိုး သူခံစား​နေရသည်။ ထိုမျက်နှာဖုံး၏အမည်မှာ 'မျိုးရိုးမြင့်' ဟူ၍။ သူသည်လည်းပဲ အတုအ​ယောင်မျိုးရိုးမြင့် မျက်နှာဖုံးအားတပ်ဆင်ထား​နေခဲ့မိသည်။

သူသည်စတင်စကား​ပြော၏။

"ဂိတ်တံခါး​တွေကိုဖွင့်ဖို့ အဲ့ဒါခင်များဘာကိုဆိုလိုချင်တာလဲ?"

ထို​မေးခွန်း​မေးမြန်းလိုက်ချိန်၌ Antonio ၏စိတ်ပူပန်မှုမှာအထင်းသား။

'တိုင်းပြည်က​တောင်းဆိုတဲ့အခါ ဂိတ်​တံခါး​တွေကိုဖွင့်​ပေးရန်'

မှားယွင်းစွာနားလည်သ​ဘော​ပေါက်လိုက်မယ်ဆိုရင် ထိုသည်မှာ အလွန်ကိုမှအန္တရာယ်များသည့်​ပြောကြားချက်တစ်ခုဖြစ်သည်။ Roan တိုင်းပြည်သည် အင်ပိုင်ယာအား ဓါးဖြင့်​မြှောက်ပင့်ချိန်ရွယ်လိုက်သည် ဟုသွားပြီးအဓိပ္ပါယ်​ဖော်​ဆောင်နိုင်သည်။

"သခင်​လေး Antonio"

သို့​သော် Cale သည်​မေးခွန်းတစ်ခုဖြင့်ပြန်တုံ့ပြန်လာ၏။

"အရှင့်သား အိမ်​​ရှေ့စံက အင်ပိုင်ယာနဲ့ထိပ်တိုက် စစ်မက်ဖြစ်ပွားဖို့လိုလား​မှာကို သခင်​​လေးစိုးရိမ်​နေတာလား?"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now