Chapter 117: Great And Mighty (5)

1.3K 243 6
                                    

အခန်း (၁၁၇): ကြီးကျယ်မြင့်မြတ်​သော (၅)

Words Count: 6166

UNICODE

လူသားတစ်​ယောက်ဆီသို့နတ်သူငယ်တစ်​ယောက်ကအရင်ဦးစွာချည်းကပ်သည့်အမှုမှာဖြစ်​တောင့်ဖြစ်ခဲဖြစ်၏။ ​ပြောရလျှင် ချည်းကပ်စရာအ​ကြောင်းလည်းသူတို့တွင်မရှိတာပဲ။

မည်သို့ပင်ဆို​စေကာမူ လက်​ဆယ်​ချောင်း​တောင်ရွာမှနတ်သူငယ်များက​တော့အ​ကြောင်းရင်းတစ်ရပ်ရှာ​တွေ့ သွားပုံ​ပေါ် သည် ထို့အပြင် သူတို့​​သည် သူတို့ရှေ့ရှိလူသားအားဇွဲ​ကောင်း​ကောင်းဖြင့်ချည်းကပ်​နေကြ၏။

ထိုလူသားမှာ အားလုံး​မျှော်မှန်းထားသည့်အတိုင်း Cale ပင်ဖြစ်​လို့​နေချေသည်။

"အဲ့ဒါက​ဖြေရခက်လို့လားဟင်?"

နတ်သူငယ်အုပ်စု​ရှေ့ရှိနတ်သူငယ်​လေးနှင့်အကြည့်ချင်းမဆုံမိ​​အောင် Cale သည်သူ၏မျက်နှာကို​ရှောင်လွှဲလိုက်သည်။ နတ်သူငယ်အုပ်ရဲ့​ရှေ့ဆုံးမှာရှိ​နေတဲ့နတ်သူငယ်နှစ်​ယောက်က ဘာလို့အဘွားကြီးနဲ့က​လေး​လေးဖြစ်​နေရတာလဲ? Cale သည်ရွာသူကြီး Canaria ဖက်သို့လှည့်ကြည့်လိုက်သည်။

'သိုသိုသိပ်သိပ်ပဲထွက်သွားချင်တယ်လို့ ငါ​သေချာရှင်းရှင်းလင်းလင်း​ပြောခဲ့တယ်နော်'

Canaria သည်နူးညံ့စွာ Cale အားပြုံးပြသည်။ ယင်းအပြုံးအားအမြင်ကပ်စရာလို့ Cale ​တွေးမိခဲ့​ပေမယ့် အခုကိစ္စမှာသူမအပြစ်လည်းမဟုတ်ပါ​ပေ။

"သခင်​လေး ကျွန်​တော်​တောင်းပန်ပါတယ်...ကျွန်​တော် ကျွန်​တော့်မိသားစုကိုပဲအသိ​ပေးခဲ့တာပါ"

​တောင်းပန်စကားထွက်လာရာအသံဖက်သို့ Cale သည်သူ၏အကြည့်တို့ကိုလွှဲလိုက်သည်။ Pendrick ကိုကြည့်ရသည်မှာအ​တော်​လေးကိုအားနာ​နေပုံ​ပေါ် သည်။ သူတို့ထွက်ခွာမည့်တည်​နေရာနဲ့ အချိန်​ပေါက်ကြားသွားခဲ့ရသည့်အဓိကအ​ကြောင်းရင်းမှာသူ့​ကြောင့်​ဖြစ်​လေသည်။ သို့​သော်လည်း ထွက်ခွာမည့်အ​ကြောင်းကိုမိသားစုဆီအသိ​ပေးခဲ့သည့်အတွက် သူ့အားအပြစ်တင်လို့လည်းမရပါ​ပေ။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now