Chapter 141: In The Middle Of The Night (3)

1.3K 239 9
                                    

အခန်း (၁၄၁): ညလယ်​ခေါင်အချိန် (၃)

Words Count: 6450

UNICODE

အချိန်တဒင်္ဂမျှဆိုသလိုတိတ်ဆိတ်မှုမှာ​ဧရိယာတစ်ဝိုက်ပြည့်နှက်သွား၏။

Harol မှာနူတ်ဆိတ်​နေဆဲဖြစ်ကာတစ်ဖက်​တွင်​တော့ Cale နှင့်​ဝေလငါးတို့အားအကဲခတ်​နေ​သောမင်းသား John အားတစ်စုံတစ်ဦးမှစကားအချို့ကိုတိတ်တဆိတ်ကပ်ပြော​နေခဲ့​လေသည်။

ထိုအချိန် Witira ကစစကား​ပြောလာသည်။ ​တိုင်းပြည်​လေးပြည်၏​ခေါင်း​ဆောင်တို့ကိုစိုက်ကြည့်​ရင်းစကား​ပြောလိုက်​သော Witira ၏ပုံစံမှာယုံကြည်မှုတို့အပြည့်။ သူမသည်ယင်းပုဂ္ဂိုလ်များဘက်သို့ဦး​တောင်မညွတ်ခဲ့ပါ​ပေ။

"ကျွန်မနာမည်က Witira လို့​ခေါ် ပါတယ်...ဒီ​နေရာကိုကျွန်မ​ဝေလငါးမျိုးနွယ်စုရဲ့ကိုယ်စားပြုတစ်​ယောက်အ​နေနဲ့လာခဲ့တာပါ...ကျွန်မတို့​တွေရဲ့​ကျေးဇူးရှင်– သခင်​လေး Cale ရဲ့ဖိတ်ကြားချက်အရကျွန်မဒီ​နေရာကို​ရောက်လာရခြင်းဖြစ်ပါတယ်...အားလုံးကို​တွေ့ ရတာဝမ်းသာပါတယ်"

သူမ၏အပြုအမူတို့မှာ​လေးစားသမှုရှိ​သော်လည်း သူမ၏ဂုဏ်ပုဒ်အားပြ​သ​နေ​​သည်။ ​အထူးသဖြင့်ရေသူမျိုးတို့အားနှိမ်နင်းပြီးနောက်ပိုင်း သမုဒ္ဓရာအတွင်း၌အားအကြီးဆုံးမျိုးနွယ်စုမှာ​ဝေလငါးများသာဖြစ်သဖြင့် ဘာ​ကြောင့်သူမထိုကဲ့သို့ပြုမူ​နေလဲဆိုသည်မှာအသိသာကြီးဖြစ်ပါသည်။ ​ဝေလငါးများ၏အနာဂတ်ဘုရင်မအ​လျောင်းအလျာတစ်ဦးအ​နေနှင့် ထို​ခေါင်း​ဆောင်​လေးဦးအား​သူမအောက်ကျို့စရာအ​ကြောင်းမရှိပါ​ပေ။

ထပ်​ဆောင်းဆိုရ​သော် သူတို့မျိုးနွယ်စုမှာနဂါးများအပြီးအင်အားအကြီးဆုံးမျိုးနွယ်စုတစ်ခုအဖြစ်​ကျော်ကြား​လေသည်။ ​နေရာတွင်​​​ရောက်​နေကြ​သောလူအားလုံးတို့သည် Witira ၏လက်​မောင်း၌ရစ်ပတ်ထား​သောကြာပွတ်အားမြင်​တွေ့ ​နေရသည်။

Cale သည်ထိုအချင်းအရာအစအဆုံးအား​ကျေနပ်ပီတိဖြစ်စွာစိုက်ကြည့်​နေ​ခဲ့​လေသည်။ ထိုကဲ့သို့ပြုမူရန် Witira အားသူ​တောင်းဆိုခဲ့တာဖြစ်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now