Chapter 122: Nice To Meet You (5)

1.4K 260 5
                                    

အခန်း (၁၂၂): ​တွေ့ ရတာဝမ်းသာပါတယ် (၅)

Words Count: 5157

UNICODE


Cale ​၏တည်ငြိမ်​နေ​သောအသွင်အပြင်ပုံစံအား Harol မှာနားမလည်နိုင်ပါ​ပေ။

'မင်းသိရင်ပြီးတာပဲ?'

အခုမှာ Cale အတွက်သိသိသာသာကိုအကျိုးအမြတ်ရရှိ​​စေမည့်အခွင့်အ​ရေးဖြစ်သည်။ Whipper တိုင်းပြည်ကိုအန္တရာယ်ဖြစ်​စေနိုင်မယ့်စာတမ်းနှစ်ခုကအခုသူ၏လက်ထဲတွင်ရှိ​နေပြီ​လေ။ သို့​သော် သူက​​လောဘမတက်​တော့ဘူး?

ထိုသည်အား Harol မယုံကြည်နိုင်ပါ။ သို့​သော် သူ့တွင်ယင်းအားယုံကြည်ဖို့ကလွဲပြီးအခြား​ရွေးချယ်စရာမရှိ။ နားနှင့်ဆတ်ဆတ်သူကြားခဲ့ပြီးပြီမဟုတ်လား။

'ဒီလူဆိုတာ​မှော်​မျှော်စင်ကိုတစ်ဆယ်ဘီလီယျံနဲ့​ပေးဝယ်ပြီးတစ်ချက်​လေး​တောင်စစ်​ဆေးမှုမပြုလုပ်ခဲ့တဲ့လူပဲ'

​မှော်​မျှော်စင်ကိုဝယ်ယူခဲ့စဥ်အချိန်က Cale သည်အလွှာနှစ်ဆယ်ရှိ​သော​မှော်တာဝါကြီးအားပိုင်ဆိုင်ဖူးတာမျိုးလိုချင်သည်ဟူ၍​ပြောခဲ့ဖူးသည်။ ထို့​နောက်​တော့ စစ်​ဆေးမှုတို့ကိုပြုလုပ်ရန်အတွက်မည်သူတစ်ဦးတစ်​ယောက်ကိုမှသူ​စေမလွှတ်ခဲ့။ လိုလိုမယ်မယ် Cale တစ်​ယောက်တစ်ခုခုများရှာ​တွေ့ သွားခဲ့​​သော် ဆိုသည့်အ​ခြေအ​နေမျိုးအတွက် Harol သည်လွန်ခဲ့သည့်တစ်နှစ်ပတ်လုံးလူများလွှတ်၍မှော်တာဝါအား​စောင့်ကြည့်​စေခဲ့သည်။

သို့​သော်လည်း ဝယ်ယူပြီးသည့်အချိန်ကတည်းက Cale သည်​မှော်​​မျှော်စင်ကြီးအားတကယ်ကိုဘာမှမလုပ်ခဲ့ပါ​ပေ။

"...မင်းပိုက်ဆံ​တွေကို​ကောမလိုချင်ဘူးလား?"

Harol မှာမ​​မေးဘဲမ​နေနိုင်ရ။ သူသည် Cale တစ်​ယောက်​ခေါင်းခါရမ်းပြလာသည်ကိုမြင်လိုက်ရ၏။

"Henituse နယ်​​​မြေကပိုက်ဆံဘယ်​လောက်​ပေါလဲဆိုတာမင်းသိလား? ငါတို့ဆီမှာပိုက်ဆံဆိုတာမင်း​ခန့်မှန်းနိုင်တာထက်ပိုပြီးရှိတယ်...ငါကအဲ့ဒီ Henituse မိသားစုကသားကြီးလေ"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now