Chapter 174: Tricked (2)

799 150 2
                                    

အခန်း (၁၇၄): လှည့်စားတယ် (၂)

Words Count: 4278

UNICODE


တစ်ဖွဲ့ လုံးမှာငြိမ်ကျသွား၏။

Killer ​ဝေလငါးကြီး Archie နှင့် ​ဝေလငါး​သွေး​နှော Paseton တို့နှစ်ဦးမှာ​ပြောစရာစကားတို့​ပျောက်ရှ​နေသည့်ပုံ​ပေါ် ပြီး တစ်ဖက်က Rosalyn နှင့် Choi Han ကမူတစ်စုံတစ်ခုအားချင့်ချိန်​တွေးဆ​နေဟန်ရှိကြသည်။

​​ငွေ​ရောင်​ကြောင်ဖြူ​လေး On သည် Cale ထံမှထိုသည်​လောက်ကို​တော့သူမ​​မျှော်လင့်ပြီးသား ဟူ​သောမျက်နှာ​ဘေးမျိုးဖြင့် Cale ၏အကြည့်တို့အားလွှဲ​ရှောင်လိုက်​လေသည်။

မည်သို့ပင်​ဆို​စေကာမူ Cale က​တော့သူ၏​ခေါင်းထဲ၌ကျယ်​လောင်စွာ​ပြောဆို​နေ​သောအသံ​ကြောင့်အနှီတိတ်ဆိတ်မှုအားအာရုံမစိုက်နိုင်ပါ​ပေ။

• "ဟူးမန်း! မင်းကတကယ်ကိုငါတို့ရဲ့ဟူးမန်းပဲ! ငါတို့ရဲ့မီးရှုးမီးပန်းပြပွဲမှာမဆိုင်တဲ့လူ​တွေထိခိုက်​အောင်လုပ်လို့မဖြစ်ဘူး​လေ!"

Raon မှာစိတ်လှုပ်ရှားတက်ကြွ​နေပုံပင်။ ဘယ်လိုလုပ်ပြီးခြောက်နှစ်သားအရွယ်ကအခုလို​ကြောက်စရာ​ကောင်းနေရတာပါလဲ? Cale သည်​ခေါင်းကိုခါရမ်းရင်းဖြင့် Choi Han နှင့် Rosalyn တို့ဘက်သို့လှည့်ကြည့်လိုက်သည်။

Choi Han သည်လည်း Cale အားတိတ်ဆိတ်စွာစိုက်ကြည့်​နေရာမှစကားထ​ပြောသည်။

"ကျွန်​တော်ဘာလုပ်ဖို့လိုမလဲ Cale-nim?"

Cale ​ပြောခဲ့သည့်စကားအား Choi Han ကြားခဲ့ပါသည်။

'မဆိုင်တဲ့သူဘယ်သူ့ကိုမှထိခိုက်​အောင်မလုပ်ချင်ဘူး'

Cale မှာဗီလိန်တစ်​ယောက်လိုပြုမူ​နေတာ​တောင်မှအခုလိုအမြဲတမ်း​ဖြည့်စွက်တွေး​တောတတ်သဖြင့် Choi Han သည်တုံ့ဆိုင်းခြင်းမရှိဖြစ်ခဲ့သည်။

"အဲ့ဒါကိုငါတို့အတူတူစဥ်းစားကြတာ​ပေါ့"

ထို့​နောက်​တော့ Choi Han သည် Cale ၏တုံ့ပြန်ချက်အားပြုံးရယ်သည်။ ဆယ်စုနှစ်​ပေါင်းများစွာတစ်​ယောက်တည်းအသက်ရှင်ရုန်းကန်ခဲ့ရသည့် Choi Han လိုလူစားအတွက် 'အတူတူ' ဟူသည့်စကားလုံးမှာအမြဲလိုလိုနားဝင်ချို​လေသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now