Chapter 139: In The Middle Of The Night

1.2K 233 12
                                    

အခန်း (၁၃၉): ညလယ်​ခေါင်အချိန်

Words Count: 4809

UNICODE

"အရှင့်သားနဲ့တွေ့ ဆုံရတာကျွန်​တော်​ပျော်အားလွန်ကြီးမိသွားလို့အခုလိုမျက်နှာထားမျိုးကျွန်​တော်လုပ်မိသွားတာထင်ပါတယ်"

Cale သည်ထိုသို့ပြန်​ဖြေရင်းရုပ်သံဆက်သွယ်​ရေးစက်​ရှေ့ရှိဆိုဖာ​​ပေါ် ၌ထိုင်လိုက်သည်။

• "အဲ့လို​ပေါက်ကရ​လေး​ဆယ်​တွေ​ပြော​နိုင်​သေးပုံ​ထောက်​တော့ မင်းအဆင်​ပြေ​တယ်လို့ငါထင်တာပဲ"

Cale သည်အဆင်မ​ချောလှ​သော Alberu ၏စကားလုံး​ရွေးချယ်မှုတို့အားဂရုမစိုက်ခဲ့​ပေ။ အဲ့အစားသူသည် Alberu ၏မျက်နှာအသားအရည်​ပေါ် သို့သာအာရုံစိုက်​မိသည်။

Alberu ကိုကြည့်ရသည်မှာဖြူဖတ်​ဖြူ​​ရော်ရှိလှသည်။ သူ၏​ရွှေ​ရောင်ဆံပင်နှင့် မျက်လုံးပြာတို့မှာအရင်တိုင်း​တောက်လွင်​နေ​သော်လည်း သူ့ကိုကြည့်ရသည်မှာပင်ပန်း​နေပုံ​ပေါ် ပါသည်။

"အရှင့်သားကိုကြည့်ရတာပင်ပန်း​နေသလိုပဲ"

• "မင်းငါ့ကိုကူပေးချင်လား?"

"လိုအပ်တဲ့​​ဆေးဝါးတစ်ချို့ကိုကျွန်​တော်လှမ်းပို့​​ပေးလိုက်ပါ့မယ်"

Cale ၏ပြန်အ​ဖြေ၌ Alberu ကနှာမူတ်ကာ​လှောင်ရယ်သည်။ လက်ကိုပင့်​မြှောက်ကာ Alberu သည်သူ့နဖူးသူကိုင်ထိမိသည်။

လွန်ခဲ့သည့်တစ်နှစ်​ကျော်​လောက်ကစလို့ Roan တိုင်းပြည်အတွင်းရှိအာဏာမျှ​ခြေမှာဆက်တိုက်ဆိုသလို​ပြောင်းလဲလာခဲ့သည်။

အခုဆိုအ​နောက်​မြောက်ပိုင်း Stan နယ်​​မြေမှာတတိယမင်းသားအစား Alberu ​နောက်ကိုလိုက်ခဲ့ကာအ​ရှေ့​မြောက်ပိုင်းနယ်​မြေအများစုတို့သည်လည်း Alberu ​နောက်သို့လိုက်​​နေကြပြီဖြစ်​သည်။

ထပ်​ဆောင်းဆိုရ​သော် ​Alberu ၏ကိုယ်ပိုင်ပ​ရောဂျက်တစ်ခုဖြစ်သည့်အခုထိဆောက်လုပ်​နေဆဲအ​နောက်​မြောက်ပိုင်း​ရေတပ်စခန်းစတင်တည်​ဆောက်လာတည်းက အင်အားစုအ​မြောက်အများမှာ Alberu ဘက်သို့တိမ်းညွတ်လာခဲ့ခြင်းဖြစ်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now