Chapter 109: Scary (2)

1.4K 259 11
                                    

အခန်း (၁၀၉): ​ကြောက်စရာ​ကောင်းလိုက်တာ (၂)

Words Count: 4265

UNICODE


ဒီတိုင်းဖြတ်​လျှောက်ကဲ့သို့ဟန်​ဆောင်ရင်း Cale သည်​ဝေ့ဝိုက်ကြည့်မိသည်။

"ဘာ​တွေဖြစ်​နေတာလဲ?"

​နောက်ထပ်ဝတ်ရုံခြုံထား​​သောပုဂ္ဂိုလ်တစ်ဦးမှာ ​နေရာမှခုန်ထ၍ကုလားထိုင်အားပြုတ်ကျ​အောင်လုပ်ခဲ့​သောဝတ်ရုံခြုံလူအားထ၍​မေးသည်။

"ငါ့-ငါ့ကိုလွှတ်!"

​စောနကဝတ်ရုံနှင့်လူမှာသူ၏အသံအားမြှင့်သည်။ သူ၏အသံမှာစား​သောက်​ဆောင်တွင်းဟိန်းထွက်လို့သွားပြီး ဝတ်ရုံ​ခေါင်း​ဆောင်းဖြင့်ကွယ်ထား​သော်လည်း၎င်း၏မျက်နှာ​ပေါ် မှစိုးရိမ်ပူပန်မှုအားမြင်​တွေ့ လိုက်ခဲ့သည်ဟု Cale ​ထင်သည်။

Cale သည်မျက်နှာကြက်အား​မော့ကြည့်လိုက်၏။

• "ဟူးမန်း ငါအခုလှည့်​ပတ်ပျံနေတာ!"

အသံ​နေအသံထားအရ​တော့ Raon မှာမျက်နှာကြက်​ပေါ် ၌ပတ်လှည့်ပျံသန်း​နေတာဖြစ်ရမည်။ Cale သည်သူ၏အကြည့်တို့အားရုတ်၍စား​​သောက်​ဆောင်အား​ဝေ့ကြည့်သည်။ နတ်သူငယ်တစ်​ယောက်ဟု Cale ယူဆရ​သောပုဂ္ဂိုလ်၏ဖြူ​ဖွေးနုနယ်လှ​သောလက်မှာတုန်ယင်​နေ၏။

"...ဘုရား​ရေ!"

တစ်ချိန်ကနဂါးတစ်​​ကောင်နှင့်​တွေ့ ဆုံခဲ့ဖူး​လောက်​​​သောပုဂ္ဂိုလ်မှာ​ဖြေးညှင်းစွာစတင်လမ်း​လျှောက်လာသည်။ ဝတ်ရုံ​ခေါင်း​ဆောင်း​အောက်၌ဖုံးကွယ်ထား​​သောမျက်နှာမှာဘယ် ညာလျှောက်ကြည့်​နေလျက်။

သက်လတ်ပိုင်းအရွယ်ရှိနတ်သူငယ်မှာလမ်း​လျှောက်ရင်းဖြင့်အခြားလူများအားတိုးဝင်တိုက်ခဲ့၏။

"ဘာလား?"

"​စောက်ကျိုးနည်း"

နတ်သူငယ်မှာအရာအားလုံးအားလျစ်လျူရှုဆဲမဟုတ်​သေး သူမှာထိတ်လန့်​နေရသဖြင့်ဘာတစ်ခွန်းတစ်​လေမှမ​ပြောနိုင်တာမျိုးနှင့်ပိုတူ​လေသည်။ တခြားဝတ်ရုံနှင့်လူမှာ ပထမနတ်သူငယ်​နောက်မှ​ပြေးလိုက်ရင်းလူအများအား​တောင်းပန်သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now