Chapter 123: I'll Do It

1.2K 230 15
                                    

အခန်း (၁၂၃): ငါလုပ်မယ်

Words Count: 5597

UNICODE

မည်သို့ပင်ဆို​စေကာမူ Cale ၏စိတ်ပူပန်မှုဖြင့်ဆန့်ကျင်စွာ Raon ကတည်ငြိမ်​​လေသည်။

"ငါကနဂါးတစ်​ကောင်ဟုတ်ပါတယ်ဟ!"

Raon ၏ပြန်တုံ့ပြန်ချက်ကိုကြားလိုက်ရ​တော့ ​ရွှေအို​ရောင်နတ်သူငယ်၏မျက်နှာ​ဘေးမှာပိုလို့ပင်ထူးဆန်းလာသည်။ တခြားနဂါးတစ်​ကောင်အားနဂါးမဟုတ်ဘူးလို့​ပြောခြင်းကရန်ပွဲ​တောင်း​နေခြင်းသက်သက်ဖြစ်​သော်လည်း ဤနဂါးငယ်မှာ​တက်ကြွစွာပြန်တုံ့ပြန်​ခဲ့လေသည်။

"...အင်း...မင်းကနဂါးဟုတ်တယ်..."

အားအင်ချိနဲ့​သောပြန်တုံ့ပြန်ချက်မှာ​ရွှေအို​ရောင်နဂါးဆီမှထွက်လာ၏။ Raon က​ခေါင်းကိုငြိမ့်သည်။

"ဟုတ်တယ် ပြီး​တော့ မင်းကလည်းနဂါးတစ်​ကောင်ပဲမလား? အာ့​ကြောင့်မို့​တွေ့ရတာဝမ်းသာပါတယ်လို့! လူ​တွေကိုဘယ်လ်ိုနူတ်ဆက်ရမလဲ​ဆိုတာတောင်မင်းကမသိဘူးလား?"

"...မင်းကငါ့ကိုလူ​တွေကိုဘယ်လိုနူတ်ဆက်ရမလဲဆိုတာကိုသိလားလို့​မေး​နေတာလား?"

နဂါးများမှာတစ်​ယောက်ကိုတစ်​ယောက်မနူတ်ဆက်တတ်ကြ​ပေ။ တစ်​ယောက်နဲ့တစ်​ယောက်​တွေ့ တဲ့အခါအချင်းချင်း​စောင်း​​မြောင်း​ပြောဆို​တာမျ်ိုးလုပ်လောက်ပေမယ့် နူတ်ဆက်တယ်? သူ၏ရှည်လျားလှ​သောဘဝ၌အခုလိုမျိုးအဖြစ်အပျက်အားပထမဆုံးအကြိမ်​တွေ့ ကြုံလိုက်ရ​သော် ဒီ​ရွှေအို​ရောင်နတ်သူငယ်မှာအားနည်းသလိုခံစားလိုက်ရသည်။

Raon သည်သူ၏​ရှေ့လက်အား​ချော​မောလှပ​သော​ရွှေအို​ရောင်နတ်သူငယ်​ရှေ့သို့ဆန့်တန်းလိုက်သည်။ Raon ၏​ရှေ့လက်အားမြင်လိုက်ရ​သော် နတ်သူငယ်မှာစတင်စကား​ပြောလာ၏။

"အခုမင်းငါ့ကိုလက်ဆွဲနူတ်ဆက်ခိုင်း​နေတာလား?"

"ဟုတ်တယ်​လေ!"

"ဝါး...ငါ့ရဲ့ဒီ​နှစ်ထောင်ချီတဲ့ဘဝမှာဒီလိုမျိုးငါတစ်ခါမှမ​ကြုံဖူးဘူး"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now