Chapter 154: Rolling In By The Vine

1.1K 191 5
                                    

အခန်း (၁၅၄): အရူပ်​တော်ပုံ၌ဝင်ပါမိခြင်း

Words Count: 4283

UNICODE

"ဟားဟားဟား...ဘယ်လို​တောင်အံ့ဩဖို့​ကောင်းလိုက်တဲ့စိတ်​ထားလဲ...ကိုယ်​တော် မင်းနဲ့စကားဆက်​ပြောဖို့တကယ်ဆန္ဒရှိပါတယ် ဒါ​ပေမယ့် ကိုယ်​တော်အချိန်သိပ်မရလို့ရယ်"

​တော်ဝင်မင်းသား Adin သည်​ကျယ်​လောင်စွာ​အော်ရယ်၍ Cale ​ဘေးနားမှ​နေနှမြောစိတ်ပျက်မိ​သောမျက်နှာအမူအရာဖြင့်ဖြတ်​လျှောက်သွား​တော့သည်။

"အခမ်းအနားပွဲ​တော်​နေ့ကျ​မောင်မင်းနဲ့ စကားလက်ဆုံကျနိုင်ဖို့အချိန်ရှိပါ​စေလို့ ကိုယ်​တော်​မျှော်လင့်မိပါတယ်"

'အဲ့လိုလုံးဝမဖြစ်လာပါ​စေနဲ့'

​တော်ဝင်မင်းသားနှင့်စကား​ပြောဖို့ရန် Cale ၌စိတ်ဆန္ဒတို့မပါရှိပါ​ပေ။

'ငါကဒီတိုင်းတိတ်တိတ်​လေးဝရန်တာ​တွေဘက်မှာသွား​နေမှာ'

​တော်ဝင်မင်းသား Adin လမ်း​လျှောက်ထွက်သွားသည်ကိုစိုက်ကြည့်ရင်း Cale သည်စိတ်ပိုင်းဖြတ်မိသည်။

သူတို့၏စုံစမ်းစစ်​ဆေး​ရေးအမှုအား​ဆောင်ရွက်ပြီး​နောက်တွင် အင်ပိုင်ယာသည် သူတို့၏နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲနှင့်အတူ​​ သံတမန်​ရေးရာအဖွဲ့ အားကြိုဆိုသည့်အခမ်းအနားကိုပါပေါင်း၍ပွဲ​တော်ကျင်းပ​ပေးမှာဖြစ်​သည်။

အနှီ​အခမ်းအနားပွဲ​တော်​နေ့တွင် Cale သည်ဒီတိုင်းတိတ်တိတ်​လေးဝရံတာ​ပေါ် တွင်သာ​နေသွားဖို့စီစဥ်ထား​လေသည်။

ထိုအချိန် သူသည် Raon ၏အသံကိုကြားလိုက်ရသည်။

• "ဟူးမန်း အဲ့​တော်ဝင်မင်းသား​ကောင်ကိုကြည့်ရတာ ငါတို့ရဲ့င​ကြောက်ဒုကပ္ပတိန်နီးနီးအားရှိတဲ့ပုံပဲ"

'ဟူး'

Cale ပြုံးမိသွားသည်။

​တော်ဝင်မင်းသား Adin။

ငတုံးတစ်​ယောက်နှယ်ရယ်​မော​​နေပြီး အလ်ကယ်မီကိုအသုံးပြု၍ ပြသနာ​ပေါင်းစုံအားဖြစ်ပွား​စေခဲ့သူ ထိုအမျိုးသားမှာအဆင့်မြင့်စစ်သည်​တော်တစ်ဦးဖြစ်​နေ​လေသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now