Chapter 187: A Small Goal (2)

725 112 2
                                    

အခန်း (၁၈၇): ရည်ရွယ်ချက်​လေးတစ်ခု (၂)

Words Count: 4656

UNICODE

• "ဟူးမန်း...အဲ့-အဲ့ဒါ​တွေကဘာ​တွေလဲ?!"

"​မြှောင်~~~~~"

"​မြှောင်~~~!"

သူတို့သည်လမ်း​လျှောက်ထွက်လာခဲ့ကြသည်။

​လောင်းကစားရုံဆီသို့​ပေါ့။

Cale သည်​အေး​​အေးလူလူလမ်း​လျှောက်ရင်း ပထမထပ်​၏တစ်ဖက်ခြမ်းတွင်ရှိ​သောစားပွဲများ၊ မျက်စိကျစရာ​​ရေပန်း နှင့် မှော်​လောင်းကစားစက်များအားလှည့်ပတ်ကြည့်ရှု​သည်။

• "ဟ-ဟူးမန်း! မင်းမြင်လိုက်လား?! အဲ့တစ်​ယောက်က​ကြေးပြား​လေးတစ်ပြားထည့်လိုက်တာကို ​မှော်စက်ကြီးက ​ရွှေဒင်္ဂါးတစ်ပြားပြန်​ပေးတယ်​လေ!"

ကိုယ်​ယောင်​ဖျောက်ထား​သော​ခြောက်နှစ်သား နဂါး၏မျက်လုံးမှာပထမထပ်အနှံ့​လျှောက်ပတ်ကြည့်​နေ၏။

​ကြေးပြားတစ်ပြားအား​မြောက်များစွာ​သော​ရွှေဒင်္ဂါးများအဖြစ်သို့​ပြောင်းလဲ​ပေးနိုင်​သော​မှော်အတတ်ဟူ၍ကျိန်း​သေ​ပေါက်ကိုမရှိပါ​ပေ။ ​မှော်အတတ်​ကော အလ်ကယ်မီတို့သည် ကိုယ်​ပေးဆပ်လိုက်​သောပစ္စည်းတန်ဖိုး နှင့် ညီမျှ​သောအရာတစ်ခုအားပြန်လည်​ပေးစွမ်းတတ်သည်။

'Mana ကိုအသုံးပြုပြီး မီးသို့မဟုတ်​ရေကိုဖန်တီးလိုက်တယ် အဲ့လိုပဲ'

အနှီ​မှော်​လောင်းကစားစက်များ၌ တူညီ​သောအသီးပုံတစ်တန်းရမှသာ အနိုင်ရမှန်း အနက်​ရောင်နဂါး​လေးသည်မြန်ဆန်စွာပင်သ​ဘော​ပေါက်သွား၏။ လွန်ခဲ့သည့်နှစ်နှစ်အတွင်းကမ္ဘာ​လောကကြီးအ​ကြောင်းအ​တွေ့ အကြုံရရှိခဲ့​သော ထက်မြက်သည့်နဂါး​လေးသည် သူ၏အ​တွေးအား Cale ဆီ​ပြောပြလာသည်။

• "ဟူးမန်း မင်းဒီ​မှော်စက်​တွေကိုယူသွားချင်လား?"

"အိုက်ဂူး"

Cale မှာဆွံ့ အသွား၏။ တစ်ချိန်တည်းမှာပင် သူမှာအံ့ဩမဆုံး။

'နဂါး​တွေကတကယ်ထူးခြားတာပဲ'

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now