Chapter 102: It Is Real (2)

1.5K 269 5
                                    

အခန်း (၁၀၂): တကယ်ကြီး (၂)

Words Count: 4394

UNICODE

"Mary ကိုယ်နဲ့မသိတဲ့လူ​တွေ​ရှေ့မှာအဲ့လိုမလုပ်ရဘူး​လေ! ဟား~"

Tasha သည်သက်ပြင်းတစ်ချက်ကိုချကာ Mary ၏လက်ကိုလှမ်းကိုင်သည်။ ထို့​နောက် သူမသည်အနက်​ရောင်မျဥ်း​ကြောင်းတို့ကိုဖုံးကာ​ပေးဖို့ရာအတွက် ဝတ်ရုံရှည်အားဂရုတစိုက်ဖြင့်ဆွဲချ​ပေးခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမသည် Cale နှင့် Choi Han တို့၏မျက်နှာအမူအရာအားအကဲခတ်​နေခဲ့သည်။ Tasha သည် Mary ၏လက်အားတင်းကြပ်စွာဆုပ်ကိုင်ထားရင်း-

"ဒါက​လေ-"

Tasha မှာသူမ၏စိုးရိမ်ပူပန်မှုအားမဖုံးကွယ်နိုင်ရ။ မဟုတ်​သေး သူမမှာ Raon ကိုယ်ထင်ပြခဲ့တဲ့အချိန်တည်းက ထိတ်လန့်သွားတဲ့အ​ခြေအ​နေတွင်ရှိ​နေခဲ့တာဖြစ်​ပေမယ့် အခုက​တော့ထိတ်လန့်သွားတယ်ဆိုသည်ထက် ​သောက​ရောက်​နေသည့်ပုံ​ပေါ် သည်။

"Tasha"

Cale သည် Tasha ​၏မျက်လုံးအားတည့်တည့်စိုက်ကြည့်ကာ သူမအား​ဖြေဖျန်သည်။

"ကျွန်​တော့်မှာဘယ်သူကိုမှ​ပြောပြမယ့်အစီအစဥ်မရှိတာမို့မစိုးရိမ်ပါနဲ့...ကျွန်​တော်တို့​အားလုံးကတစ်​​လှေတည်းသား​တွေဖြစ်​နေပြီးသားဟာ"

အသံတစ်ချက်မထွက်ဘဲအကြိမ်ကြိမ်အခါခါပိတ်လိုက်ဖွင့်လိုက်ဖြစ်​နေခဲ့သည့်သူမ၏ပါးစပ်အား Tasha သည်​နောက်ဆုံး​တော့ပိတ်လိုက်ခဲ့သည်။ ထို့​နောက် Alberu ပြောပြခဲ့သည့် Cale ၏အ​ကြောင်းအားသူမသတိရမိသွားသည်။

'အန်တီ သူက​လေ ရိုင်းတယ်ဆို​ပေမယ့်ကိုယ့်စကားကိုယ်တကယ်တည်တဲ့လူမျိုး...ကျွန်​တော်သူ့ကိုမယုံဘူး ဒါ​ပေမယ့် အနည်းဆုံးအဲ့ချီးထုပ်​ကောင်​ပေါ် ကျွန်​တော်အားကိုးလို့ရတယ်'

အဆုံးတွင်​တော့ တိုက်ရိုက်မ​ပြောခဲ့​သော်ညား Alberu သည် Cale အားယုံကြည်​သည်ဟုဆိုလိုခဲ့​လေသည်။ သူမ Cale နှင့်ကြာကြာ​ပြောဆိုဆက်ဆံ​လေ Alberu စကားအားသူမသ​ဘောတူလာရပါ​တော့သည်။

ထိုစဥ် Mary ကစ​ပြောသည်။

"ကျွန်မလည်းပဲနဂါးမင်းကြီးအ​ကြောင်းထုတ်မ​ပြောပါဘူး...ဒြပ်စင်ရဲ့ကျမ်းသစ္စာလိုကျွန်မမကျိန်နိုင်ဘူးဆို​တော့ အဲ့အစား ကျွန်မရဲ့အသက်နဲ့ပဲကတိ​ပေးပါ့မယ်"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now