Chapter 126: Really A Good Person

1.2K 254 17
                                    

အခန်း (၁၂၆): တကယ်စိတ်သ​ဘောထား​ကောင်းတဲ့သူ

Words Count: 5640

UNICODE

မည်သူမဆိုသူတို့အားသက်​တော်​စောင့်တစ်​ယောက်၊ အ​စေခံတို့နှင့်အတူတူခရီးထွက်လာ​သောသာမန်မျိုးရိုးမြင့်သခင်​လေး​တို့အဖွဲ့ဟုသာထင်မှတ်ကြမှာပင်။

'မဟုတ်ရင်​တောင်ဒီအဖွဲ့ ကနဂိုတည်းကအဲ့လိုပုံစံပဲဟာ'

သူ​မေ့​လျော့သွားခဲ့ရ​သောယင်းအချက်အ​ကြောင်းအား Cale သည်ပြန်စဥ်းစားမိရင်း​ရွှေအို​​ရောင်ဆံပင်တို့ရှိအမျိုးသားငယ်အားပြုံးပြခဲ့သည်။

သို့​သော်လည်းကိစ္စများမှာသူထင်ထားသလိုဖြစ်မလာခဲ့ပါ​ပေ။

'ဘာလား?'

ထိုအမျိုးသားမှာ Cale အားပိုလို့ပင်သတိတကြီးဖြစ်လာ၏။

Ron အားစိုက်ကြည့်​နေသည့်သူ၏မျက်လုံးအိမ်တို့မှာအနည်းငယ်တုန်ယင်​နေ၏။ ​ပြောရလျှင်ယင်းအမျိုးသားငယ်မှာ Ron ၏ဘယ်ဖက်လက်​မောင်းအားစိုက်ကြည့်​နေတာဖြစ်​ပေသည်။

Ron ၏ဘယ်ဖက်လက်​မောင်းဆိုသည်မှာအသက်သွင်းသူ Mary ဖန်တီးပြုလုပ်​ပေးထားသည့်လက်တစ်ဖက်ဖြစ်​၏။

ပုံမှန်အတိုင်း Ron မှာရှပ်အကျီလက်ရှည်နှင့် လက်အိတ်အမည်းတို့ကိုဝတ်ဆင်ထား​တာ​ကြောင့်သိပ်မမြင်​ရ​သော်လည်း ​ရွှေအို​ရောင်ဆံပင်တို့ရှိအမျိုးသားမှာယင်းဖုံးကာထား​သောဘယ်ဖက်လက်​မောင်းအားစိုက်ကိုကြည့်​နေ​ခဲ့လေသည်။

သူ၏မျက်နှာမှာမ​ရေမရာမှု၊ သတိတကြီးဖြစ်မှု နှင့် စိုးထိတ်​နေ​မှုတို့အကုန်​ရောယှက်​နေ​သောအမူအရာရှိ​နေ​သည်။

မသိလျှင်သူမှာထိုလက်​မောင်းမှာအတုအ​​ယောင်ဖြစ်ပြီးအ​မှောင်ထုနှီးနွှယ်မှုမှပြုလုပ်ထား​ကြောင်းကိုသိ​နေသည့်အတိုင်းပင်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ထိုအမျိုးသားမှာ ယင်းအားအမှောင်ထုဖြင့်ဆက်စပ်​နေ​သောအရာဖြစ်​ကြောင်းအတည်ပြုနိုင်ခဲ့သလိုလို။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now