Chapter 155: Rolling In By The Vine (2)

1K 173 3
                                    

အခန်း (၁၅၅): အရူပ်​တော်ပုံ၌ဝင်ပါမိခြင်း (၂)

Words Count: 4762

UNICODE


Cale သည်​တောင့်တင်းသွား​သောအလ်ကယ်မစ်အားစိုက်ကြည့်ကာဆိုသည်။

"ကျွန်​တော်ဝင်လာလို့ရမလား?"

အလ်ကယ်မစ်သည်သူ၏ပါးစပ်အားအကြိမ်အနည်းငယ်မျှဖွင့်လိုက် ပိတ်လိုက်လုပ်​နေခဲ့မိပြီး ထို့​နောက် သူသည်အနီးအနား၌မည်သူမျှရှိမ​နေ​ကြောင်းအားအတည်ပြုခဲ့ကာ ​ဘေးတစ်ဖက်သို့​​နေရာဖယ်ပေးလိုက်​လေသည်။

"လာ...ဟားးးး...​လော​လောဆယ်​တော့ဝင်လာခဲ့ပါ"

ချက်ချင်းပင် Cale သည်အထဲသို့ဝင်လိုက်ခဲ့သည်။ မသိလျှင်သူ၏ကိုယ်ပိုင်ဧည့်ခန်းထဲသို့ဝင်သွားသလိုမျိုး သူသည်​အေး​အေးလူလူပင်​လမ်းကို​​လျှောက်၏။

ထို့​နောက် သူသည်​ကျောအမှီကပျက်စီးလို့​နေ​သောထိုင်ခုံတစ်လုံးဆီသို့​လျှောက်သွားကာထိုင်သည်။

သူ​လျှောက်လှည့်ကြည့်​နေစဥ်အ​တောအတွင်း ​သေချာသန့်စင်ထားမှုမရှိသည့်အလ်ကယ်မီကိရိယာများအားမြင်​တွေ့ ခဲ့ရသည်။

ဤကမ္ဘာရှိအလ်ကယ်မီမှာ ကမ္ဘာ​​​မြေ၏ဖိုထိုးခြင်းနှင့်အလားတူပင်ဖြစ်သည်။

ထိုအတတ်ပညာမှာ​ရွှေတို့ပြုလုပ်သည့်​နေရာ၌အသုံးပြု​လေသည်။ သို့​သော်ညား ပြုလုပ်သည့်နည်းပညာက​တော့ကွဲပြားသည်။

အ​နောက်​ဘက်​ဒေသကြီးရှိအလ်ကယ်မစ်တို့သည်​ရွှေထုတ်သည့်​​နေရာ၌သဘာဝဒြပ်စင်များကိုသာအသုံးပြု​လေ့ရှိကြသည်။ အတိအကျဆိုရ​သော် သူတို့သည် ​ရေ၊ ​လေ၊ ​သစ်၊ မြေ နှင့် မီးတို့အားအသုံးပြုသည်။ ထိုသဘာဝဒြပ်စင်ငါးမျိုးတို့မှာ​ရွှေထုတ်လုပ်သည့်​နေရာ၌အသုံးပြုတတ်ကြ​သောအဓိကဒြပ်စင်များပင်ဖြစ်သည်။

ထိုဒြပ်စင်ငါးခုတို့မှာ Mana နှင့်လည်းပဲ​ရောစပ်ကြ​သေးသည်။

ကလန်!။

Cale သည်သူ့​ရှေ့ရှိအနား​​ထောင့်စွန်းတို့ကျိုးပဲ့​နေ​သောစားပွဲအားကြည့်လိုက်သည်။ ယင်းစားပွဲ​ပေါ် ၌ခွက်တစ်ခု​ရောက်​နေ၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now