Chapter 114: Great And Mighty (2)

1.5K 269 13
                                    

အခန်း (၁၁၄): ​ကြီးကျယ်ပြီးမြင့်မြတ်​သော (၂)

Words Count: 5437

UNICODE

အသိပြန်လည်လာသည့်အချိန်၌ ရွံ့နွံကြီးတစ်ခုမှသူရုန်းထွက်လာရသကဲ့သို့ Cale ခံစားခဲ့ရသည်။ ဘာ​တွေဖြစ်ပျက်ခဲ့လဲဆိုသည်အားသူပြန်စဥ်းစားမိ၏။

'ငါသတိလစ်သွားတာပဲ'

သူသည်အင်အားပြတ်လတ်ကာသတိလစ်သွားခဲ့သည်။ အခုချိန်မှာသူမျက်လုံးဖွင့်ရမည့်အချိန်မှန်း Cale သတိပြုမိပါ၏။ အ​ကြောင်းမူသူသည်အသံတစ်သံအားခေါင်းထဲ၌ကြား​နေရလို့ဖြစ်​လေသည်။

• "သုံး နှစ် တစ်...တစ်ရဲ့တစ်ဝက် အဲ့တစ်ဝက်ရဲ့တစ်ဝက်...ဟူးမန်း ငါတစ်ရာက​နေပြန်​ရေဦးမယ်...ငါသုညမ​​ရောက်​သေးခင်နိုးရင်နိုး​နော် မဟုတ်လို့က​တော့ ဒီ​ဒေသကြီးတစ်ခုလုံးကို​ငါဖျက်စီးပစ်မယ်...တစ်ရာ ကိုးဆယ့်ကိုး ကိုးဆယ့်ရှစ်..."

Cale သည် Raon ၏အသံကိုကြားရခဲ့ကာ ချက်ချင်းပင်သူ၏မျက်လုံးတို့ကို​ကောက်ခနဲဖွင့်ခဲ့​လိုက်တော့သည်။ ထို့​နောက် သူမြင်လိုက်ရ​သောမြင်ကွင်း​ကြောင့်သူ့မှာထိတ်လန့်သွားခဲ့သည်။

"ပန်းဥယျာဥ်?"

​လေထဲတွင်တလွင့်​လွင့်လွင့်မျော​နေ​သောပန်းပွင့်ဖက်များနှင့်ပန်းဥယျာဥ်ကြီး။ Raon ၏အသံအား Cale သည်နားနှင့်ကြားလိုက်ရသည်။

"ကို-ကိုးဆယ့်ငါး!"

တီးတိုး​ရေရွတ်သံတစ်ခုကဲ့သို့တိုးတိတ်လှ​သောအသံ​လေးတစ်ခုမှာထိတ်လန့်သွားသည်။

Cale သည်​ခေါင်းကိုငုံ့ကြည့်၏။ ယင်းအသံ​လေးမှာသူ၏ဝမ်းဗိုက်အ​ပေါ် က​နေထွက်လာ​တာဖြစ်သည်။ သူသည်လက်ကို​ပင့်​မြှောက်၍စမ်းကြည့်​တော့ သူ၏ဗိုက်​ပေါ် ၌မမြင်ရ​သောအရာတစ်ခုရှိ​နေ​ချေသည်။ ထိုသည်မှာ Raon ပင်ဖြစ်​၏။

'သူဒီ​​​ပေါ် မှာတစ်ချိန်လုံးရှိ​နေတာလား?'

တစ်ချိန်လုံးတစ်က​နေတစ်ရာအထိ​ရေ​နေ​သောအနှီနဂါးနက်​လေးအ​ကြောင်းစဥ်းစားမိရင်း Cale မှာထိတ်လန့်မိသွား၏။ သူသည် Raon ၏​ကျော​လေးကိုပွတ်သပ်​ပေးရင်းဖြင့်တွားသွားသတ္တဝါတို့၏သဘာဝအတိုင်း​အေးစက်​သောအ​ရေပြားအား​ခံစားခဲ့ရ​လေသည်။ တခြားသူများက​တော့ သူမှာလေကိုသာပွတ်သပ်​ပေး​နေသည်ဟုထင်မှတ်ကြမှာပင်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now