Chapter 118: Nice To Meet You

1.4K 247 18
                                    

အခန်း (၁၁၈): ​တွေ့ ရတာဝမ်းသာပါတယ်

Words Count: 5382

UNICODE

Cale သည် Tasha အားမြို့​တော်၏အပြင်ဖက်တည်းခို​ဆောင်၌​တွေ့ ဆုံခဲ့သည်။

"​မြေ​အောက်ခန်းကလုံးဝကိုရှယ်ပြန်ပြင်ပြီးသွားပြီ"

ထိုတည်းခို​ဆောင်မှာအရင်တစ်​ခေါက်သူလက်​ကောက်ကို Alberu ထံ​ပေးရန်မြို့​တော်ကိုလာခဲ့တုန်းက​အသုံးပြုခဲ့သည့်တည်းခို​ဆောင်ပင်ဖြစ်​လေသည်။ Cale ကြားသည်က​တော့ Alberu မှာဤတည်းခို​ဆောင်အားဝယ်ယူခဲ့သည်ဟူ၍။ ​လော​လောဆယ်ဤအ​ဆောက်အအုံ၏​မြေညီိထပ်မှာပုံမှန်တည်းခို​ဆောင်ဖြစ်​သော်ညားလည်း ​မြေ​အောက်ခန်း​ကတော့ Mage များအား​နေစရာ​နေရာအဖြစ်အသုံးပြုခဲ့သည်ဟု​ပြောသည်။

'Mage ​တွေကတကယ်ကိုအများကြီးပဲ'

​မြေ​အောက်ခန်းမှာစုစု​ပေါင်းသုံးထပ်ရှိပြီး အလုပ်လုပ်​နေကြ​သော Mage ​ပေါင်းအနည်းဆုံးခန့်မှန်း​ခြေအ​ယောက်သုံးဆယ်မျှဖြင့်ရူပ်ယှက်ခတ်​နေသည်။ သူတို့သည် Cale ၏အဖွဲ့ ကိုမြင်​တော့တွန့်တက်သွားခဲ့ကြပြီး Rosalyn ကို​​သေချာလေးစားစွာ​ဦးညွတ်ပြီး​နောက်​ထွက်သွား​လေသည်။

ထိုသည်တို့အားလုံးမှာလျှို့ဝှက်စွာ​ဆောင်ရွက်​နေသည်ဖြစ်သည့်အတွက် ​နေရာတစ်ခုလုံး၌အဆင့်မြင့်​မှော်စက်ပစ္စည်း​ပေါင်းများစွာဖြင့်ပြည့်နှက်​နေ​လေသည်။ ဤ​မြေ​အောက်ခန်းအား အားဖြည့်ရန်အတွက်အသစ်ထွက်ရှိထားသည့်အကာအကွယ်​မှော်စက်ပစ္စည်းကိုလည်းဝယ်ယူထားသည်။ Cale နှင့်အရပ်တူတူရှိ​သော Tasha သည်သူမ၏​ခေါင်းအား Cale ဖက်သို့လှည့်​မော့ကာ​မေးသည်။

"သခင်​လေး Cale ဒီ​နေရာကအံ့ဩဖို့​ကောင်းတယ်လို့မထင်ဘူးလား?"

Tasha တစ်​ယောက်နောက်​ပြောင်​​ပြောဆိုနေမှန်းကို Cale သိသဖြင့်သူသည်အလိုက်အထိုက်လိုက်​ပြောခဲ့သည်။

"ကျွန်​တော့်ရဲ့ Hentiuse ရဲတိုက်ကအများကြီးပိုကောင်းတယ်လို့ကျွန်​တော်​ထင်တယ်"

"တကယ်?"

Tasha သည်သူမ၏လက်ကို​​ဝှေ့ရမ်းကာရယ်​မော​တော့၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now