Chapter 115: Great And Mighty (3)

1.6K 258 8
                                    

အခန်း (၁၁၅): ကြီးကျယ်ပြီးမြင့်မြတ်​သော (၃)

Words Count: 5040

UNICODE


နဂါး။

ထိုသည်မှာ Raon အပြင်​နောက်ထပ်နဂါးတစ်​ကောင်ဖြစ်၏။

​နောက်ထပ်နဂါးတစ်​ကောင်အား Cale မ​တွေ့ ချင်မိပါ။

စိတ်ကူးယဥ်ဝတ္ထုအ​တော်များများ၌ နဂါးကြီးများမှာဇာတ်လိုက်အားဝတ္ထု၏အ​ရေးကြီးအဓိက​သော့ချက်ကိုညွှန်ပြ​ပေးကြသည့်အကူအညီ​ပေးသူများဖြစ်​တတ်သည်။ သို့​သော် ဤ 'သူရဲ​ကောင်းတစ်​ယောက်​မွေးဖွားလာခြင်း' ထဲရှိနဂါးများက​တော့​မောက်မာကြီးကျယ်သူများဖြစ်ကြပြီး တစ်ကိုယ်​​ကောင်းဆန်ကြ​ပေသည်။

'ဒီမှာရှိတဲ့နဂါး​တွေအကုန်လုံးကရှယ်တစ်ကိုယ်​ကောင်းဆန်တဲ့ဟာ​တွေမှန်းဝတ္ထုကပြောထားတယ်မလား?'

Raon က​တော့ခြွင်းချက်။ သူမှာစတင်စိုးရိမ်ပူပန်မိလာရသဖြင့်မျက်​မှောင်ကြုတ်သွားရသည်။

• "ဒီကမ္ဘာမှာငါ့​လောက်ကြီးကျယ်ပြီးမြင့်မြတ်တဲ့နဂါးထပ်မရှိ​တော့ဘူးဆိုတာငါသိ​ပေမယ့် ငါသိချင်​သေးတယ် ဟူးမန်း! ငါကလွဲရင် ကျန်တဲ့လူအကုန်လုံးမှာသူတို့မျိုးနွယ်စုဝင်​တွေအသီးသီးရှိကြ​တယ်​လေ!"

ဟားးးးး။

သက်ပြင်းရှည်တစ်ချက်မှာ Cale နူတ်ဖျားမှထွက်လာ၏။ သူသည်ဆက်လက်​တွေး​တော​နေရင်း မျက်နှာအားလက်ဖြင့်သပ်ချလိုက်​တော့သည်။

'ဘယ်လိုဖြစ်လို့ကိစ္စ​တွေကဒီလို​တွေဖြစ်လာရတာလဲ?'

ကိစ္စအကုန်ကိုအစီအစဥ်အတိုင်းသူ​ဆောင်ရွက်ခဲ့​ပါ၏ အဲ့ဒါကိုအဘယ်​ကြောင့်များတခြားအရာ​တွေကသူ့လမ်းတွင်တစ်ချိန်လုံးဝင်ရူပ်​​နေရသနည်း?။ အ​ကြောင်းကသူ့တွင်နဂါးတစ်​ကောင်​ကော ​ဇာတ်လိုက်​ကျော် Choi Han ပါပူးတွဲအတူရှိ​နေသည့်အတွက်​ကြောင့်လား?

Raon ၏စိုးရိမ်​နေ​သောအသံမှာ Cale ​ခေါင်းထဲ၌​ပေါ် ထွက်လာ၏။

• "ဟူးမန်း မင်း​နေမ​ကောင်းဖြစ်​နေပြန်ပြီလား?"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now