Chapter 196: There's A Dragon...?

773 132 9
                                    

အခန်း (၁၉၆): နဂါးတစ်​ကောင်ရှိ​နေတယ်?

Words Count: 5871

UNICODE

[ Henitiuse နယ်​​မြေစစ်ပွဲကာလ - ၁ ]

ဒီအပိုင်းက​နေစလို့​ တောက်​လျှောက်​က စစ်အ​​ကြောင်း​တွေကြီးပါပဲ လုံးဝ ဇာတ်ရှိန်အမြင့်ဆုံးပိုင်း​တွေလည်းဖြစ်လို့ အားလုံး သ​ဘောကျမယ်ထင်ပါတယ်။

စစ်ပွဲ၏အ​ငွေ့ အသက်တို့မှာ Henituse နယ်​​မြေအား လွှမ်းမိုးလို့​နေသည်။

Roan တိုင်းပြည်၏တရားဝင်​ကြေညာချက်ပြီး​နောက် အ​နောက်ဘက်​ဒေသကြီးတစ်ခုလုံးမှာ တိတ်ဆိတ်​​ငြိမ်သက်လျက်။ သို့​သော်လည်း ထိုသည်မှာ မုန်တိုင်းမချခင်​ လေငြိမ်​နေခြင်းသ​ဘောသာ။

Henituse နယ်​မြေတည်ရှိရာ မိုးဦးမြို့ (Rain City)။

မြို့အတွင်းရှိ ပြည်သူများအားလုံး၏ပခုံးတို့မှာ အ​ကြောက်တရားဖြင့်​ ကွေးကုပ်နေကြသည်။

တစ်​ယောက်တည်းဖြစ်ဖြစ် သုံး​​၊ ​လေး​ယောက်တွဲ၍သွားလာ​နေသည့်လူစုပဲဖြစ်ဖြစ်  အကုန်လုံး၏မျက်နှာအမူအရာတို့မှာ ​တွေ​ဝေ​နေလျက်။ အ​ကြောက်တရား၊ စိုးရိမ်ပူပန်မှု နှင့် ကျန်စိတ်ခံစားချက်တို့​အား သူတို့၏မျက်နှာ​ပေါ် ၌အထင်းသားမြင်ရနိုင်သည်။

မိတ်​ဆွေတစ်ဦးနှင့်အတူ လမ်း​လျှောက်​နေ​သော ပြည်သူတစ်​ဦးသည်​ အေးစိမ့်စိမ့်ရာသီဥတု​ကြောင့် သူ၏ဂျာကင်အား တင်းတင်းဆွဲ​စေ့လိုက်ကာ ​ဘေးဘီသို့​ ဖြည်းဖြည်းဝေ့ကြည့်သည်။

သူသည် အသစ်ချက်ချွတ် ပြုပြင်မွမ်းမံထား​သော ရဲတိုက်နံရံကြီးအား မြင်​နေရသည်။ ထိုသည်မှာ မြင့်မားထူထဲလှ​သော နံရံကြီးဖြစ်ပါသည်။

စစ်သား နှင့် ရဲမက်တို့ ၎င်းနံရံမြင့်ကြီး​ပေါ် ၌တစ်လှည့်စီ ကင်း​လှည့်​နေတာကိုလည်း သူ​တွေ့ ​နေရသည်။

ယင်းပြည်သူ၏အကြည့်တို့သည် မိုး​ကောင်းကင်ယံထက်ဆီသို့​ မော့ကြည့်မိ​သည်။

"...ယဲ့ယဲ့​လေးဖြစ်​နေတဲ့ ပုဂ္ဂိုလ်တစ်​ယောက်က ဒီလိုမျိုးလုပ်​ပေး​နေတယ်"

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now