Chapter 193 : Destroying It! (2)

649 125 2
                                    

အခန်း (၁၉၃): ဖျက်စီးပစ်ခြင်း! (၂)

Words Count: 4853

UNICODE

Cale သည် သူ၏မျက်လုံးအစုံအား ဖွင့်ကြည့်လိုက်သည်။

​သူ၏​ခြေ​ထောက်​အောက်ရှိ ရွှေ့​ပြောင်း​မှော်စက်ဝန်းတစ်ခုအား သူ​​တွေ့ ​နေရသည်။

ဝှစ်—။

​လေ​အေးတို့ တိုက်ခတ်​နေသံကိုလည်း သူကြား​နေရသည်။

​သေမင်း​ချောက်ကမ်းပါး​နေရာမှာ အလွန်ကိုမှ​လေထန်ပါ၏။

သို့​သော် Cale သည်​ လေသံတို့အား လျစ်လျူရှုလိုက်ကာ သူ့အား ကြိုဆိုရန်အတွက်​ နေရာသို့​ရောက်နှင့်​နေ​သော လူတစ်ဦးဘက်သို့ လှည့်ကြည့်လိုက်သည်။

"မ​တွေ့ ရတာ​အ​တော်ကြာပြီ​နော် အရှင့်သား"

Cale ၏ရို​သေ​လေးစားစွာဖြင့် နူတ်ဆက်လာမှုကိုမြင်လိုက်ရ​သော် Breck တိုင်းပြည်၏​လေး​ယောက်​မြောက် မင်းသား တစ်နည်း Rosalyn ၏​ မောင်နှမရင်းထဲမှ အငယ်ဆုံးဖြစ်​သော Pen သည် အိုးတိုးအမ်းတန်းနိုင်စွာ စကားစ​ပြောသည်။

"အဟမ်း-ဟမ်း...အင်း...မ​တွေ့ ရတာကြာပြီ"

သူ၏အကြည့်တို့သည် Cale ၏ရင်ဘတ်​​ပေါ် ကျ​ရောက်သွား၏။

ကွတ်ကီးတစ်ခု။ Cale သည် ကွတ်ကီးတစ်ခုအားကိုင်ထား​လေသည်။

ထိုသည်က သူ့အားအရင်တုန်းက သူ့အစ်မ Rosalyn နှင့်​ တွေ့ ဆုံရန်အတွက် Henituse နယ်​​မြေဆီသွားတုန်းက တစ်ကိုယ်လုံး​ရေရွဲရွဲစိုခဲ့ခြင်းအဖြစ်ကို Pen သွားမှတ်မိ​လေသည်။ အနှီအဖြစ်အပျက်တုန်းက Cale ​၏ကွတ်ကီး ဂျိုးဂျိုးဂျွတ်ဂျွတ်စားသံအား ​နောက်ခံ​တေးဂီတပမာ သူကြားခဲ့ရသည်။

'​မောင်​လေး အလုပ်ကို​သေချာ​လုပ်​နော်...မဟုတ်ရင် စစ်ပွဲထဲမှာ အသက်ပါသွားလိမ့်မယ်'

Pen သည် Rosalyn ၏ 'အကြံ​​ပေးချက်' အားပြန်စဥ်းစားမိပြီး ကြက်သီးတဖြန်းဖြန်းထသွား​လေသည်။ ထိုသည်က သူ့အား တစိမ့်စိမ့်ချမ်းတုန်လာ​စေခဲ့၏။ သူသည် နူးညံ့ညှင်သာစွာဖြင့် သူ့အားပြုံးပြ​နေ​သော Cale အား အူ​ကြောင်​ကြောင်ဖြင့် ပြန်ပြုံးပြလိုက်​တော့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now