Chapter 162: Somehow Once Again (2)

1K 175 11
                                    

အခန်း (၁၆၂) : တနည်းနည်းနဲ့ နောက်တဖန် (၂)

Words Count: 4449

UNICODE


ဂိတ်​ပေါက်ဝဆီမှ​ပြေးလွှားထွက်လာကြ​သောလူများသည်ရုတ်တရပ်ရပ်တန့်သွားခဲ့​သည်။ 

သူတို့​နောက်မှလူများ၏တွန်းတိုက်လာမှုတို့​ကြောင့်သာမဟုတ်လျှင် သူတို့သည်လမ်းဆက်​လျှောက်ဖို့ကို​တောင်​မေ့​လျော့သွားမှာဖြစ်​ပေသည်။ 

သို့​သော် သူတို့၏အကြည့်တို့သည်တစ်​နေရာတည်းတွင်သာဆက်လက်ကျ​ရောက်လို့​နေခဲ့သည်။ Roan တိုင်းပြည်၏သံအမတ်ကြီးများထဲမှတစ်ယောက်သည်စတင်စကား​ပြောလာ၏။ 

"သခင်​လေး Cale-" 

သူ၏အကြည့်တို့မှာ Cale ​ပေါ် တွင်သာရှိနေသည်။ 

ထို့​နောက်​တော့ သူသည် Cale ၏လက်အစုံမှ​ စတင်ထွက်​ပေါ်လာ​သော​ငွေ​ရောင်အလင်းတန်းမျှင်​နောက်သို့လိုက်ကြည့်မိခဲ့သည်။ သူ၏နှလုံးတို့မြန်ဆန်စွာခုန်မြည်လို့လာသည်ကိုသူခံစား​နေရသည်။ အရင်က ထို​ငွေ​ရောင်အလင်းတန်းအားသူတစ်ခါမြင်​တွေ့ ဖူးခဲ့ပါ၏။

ပလာဇာအကြမ်းဖက်မှုကြီးတွင်ဖြစ်သည်။ ထိုအချိန်တုန်းက ဤအလင်းတန်းအား​တွေ့ ခဲ့ရပုံကိုသူမှတ်မိပါသည်။ 

နန်း​တော်အတွက်အလုပ်လုပ်​ပေးရသူမို့ ဤသံအမတ်ကြီးသည်ထိုမ​တော်တဆဖြစ်ချိန်တုန်း၌ရှိလို့​နေခဲ့သည်။ 

Roan တိုင်းသူပြည်သားတို့အားကာ​မိုးပေးခဲ့​သောဒိုင်းကာ နှင့် ကြီးမားလှ​သော​တောင်ပံအစုံအားသူအမှတ်ရမိပါသည်။ 

သံအမတ်ကြီး၏အကြည့်တို့သည်​ကောင်းကင်​​ပေါ် သို့​​ရောက်သွားသည်။ 

"...အာ" 

သူ့​ခေါင်း​ပေါ်၌ရှိ​နေ​သောမှိန်​ဖျော့​​ဖျော့​ငွေ​ရောင်အလင်းအားသူမြင်​တွေ့ ​နေရပါသည်။ ​တောင်ပံကြီးနှစ်ဖက်၏အစွန်ဖျားမှာအခုသူ့​ခေါင်းအထက်၌ရှိ​နေသည်။ 

အလွန်တရာမှကြီးမားလှ​သောတိုင်လုံးကြီးသည်ဒိုင်းကာ၏အားတစ်ခုတည်းဖြင့်ပင့်မြှောက်လို့နေသည်။ 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now