Chapter 159: Rolling In By The Vine (6)

940 183 2
                                    

အခန်း (၁၅၉): အရူပ်​တော်ပုံ၌ဝင်ပါမိခြင်း (၆)

Words Count: 4976

UNICODE

• "ကာကွယ်ဖို့အတွက်မင်းကိုမင်းစ​​တေးဖို့ကြိုးစား​နေတာလား?"

Cale သည်စာကြည့်တိုက်အပြင်ဘက်၌မတ်တပ်ကြီးရပ်လို့​နေမိခဲ့ကာ အထဲသို့မဝင်နိုင်ဖြစ်မိသည်။

'...ဒီ​နေရာကအန္တရာယ်ရှိတဲ့​နေရာမဟုတ်ဘူး​လေ'

စာကြည့်တိုက်မှာအန္တရာယ်ရှိသည့်​နေရာမဖြစ်သင့်ပါ။ ​ရှေ့တစ်​နေ့ကပင် Roan တိုင်းပြည်၏စစ်​ဆေး​ရေးအဖွဲ့မှ Ben ​တောင်ထို​နေရာသို့ဘာပြသနာမှမရှိဘဲဝင်​ရောက်စစ်​ဆေးပြီး​လေပြီ။

Ben မှာစုံစမ်းစစ်​ဆေး​ရေးတို့၌ကျွမ်းကျင်သောအ​မှောင်ထုနတ်သူငယ်တစ်​ယောက်ဖြစ်ပြီး စာကြည့်တိုက်၏အတွင်းထဲနှင့် လျှို့ဝှက်ခန်းဝင်​ပေါက်သို့သွား​သောလမ်း​​ကြောင်းတို့အားလုံးမှာ​ဘေးကင်း​ကြောင်းတင်ပြပြီးဖြစ်​လေသည်။

"သခင်​လေး?"

"အာ အထဲဝင်ကြတာ​ပေါ့"

အ​မှောင်ထုနတ်သူငယ်၏အ​ခေါ် ၌ Cale သည်အ​တွေးထဲမှထွက်လာခဲ့ကာ စာကြည့်တိုက်ထဲသို့ဝင်​လျှောက်သွားခဲ့​တော့သည်။

ကျွီ-။

​နောက်ဆုံးမှ Choi Han ကလိုက်ဝင်ကာစာကြည့်တိုက်တံခါးအားပိတ်သည်။

"Cale-nim ကျွန်​တော်ဒီမှာပဲရှိ​နေပါ့မယ်"

"​ကောင်းပြီ​လေ"

တစ်ခုခုဖြစ်​လာခဲ့လျှင်အတွက် Choi Han သည်လိုလိုမယ်မယ်စာကြည့်တိုက်ထဲ၌​နေခဲ့မှာဖြစ်​လေသည်။

အ​မှောင်ထုနတ်သူငယ်​လေးသည် စာကြည့်တိုက်၏အတွင်းအကျဆုံးအခန်းဆီသို့​ဘာကိုမှဂရုမစိုက်ဘဲအေး​အေးလူလူဝင်သွားသော Cale ကိုမကြည့်လိုက်ခင် သူသည် Choi Han အားလှည့်ကြည့်ခဲ့မိသည်။

ထို့​နောက် အ​မှောင်ထုနတ်သူငယ်သည်သွက်လက်စွာ Cale နောက်မှလိုက်ခဲ့​သည်။

'သခင်​လေး Cale လား?'

အင်ပိုင်ယာဆီမလာခင်တုန်းကသူသည် Cale Henituse အ​ကြောင်းကိုခေါင်း​ဆောင်ဖြစ်သူ Tasha အား​မေးခဲ့​ဖူးသည်။ Tasha သည်ရယ်မှန်းမသိ ငိုမှန်းမသိ​​​ သေချာဝေခွဲ၍မရနိုင်​သောအမူအရာဖြင့်စတင်စကား​ပြောသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now