Chapter 181: I Did Pick It Up...But (3)

670 109 1
                                    

အခန်း (၁၈၁): ငါ​ကောက်​တော့​ကောက်လိုက်တာပဲ...ဒါ​ပေမဲ့ (၃)

Words Count: 5043

UNICODE

ထို့​ကြောင့်ပဲ Cale မှာစိတ်ကသိက​အောက်ဖြစ်နေရတာဖြစ်သည်။

Raon ​လေးသည်သူ၏လက်တစ်ဖက်အား Cale ပခုံး​ပေါ် ၌တင်သည်။

"ဟူးမန်း ဒီဟာက​သောင်းနဲ့ချီ-မဟုတ်​သေးဘူး-သိန်းနဲ့ချီ​တဲ့ပန်းသီးပိုင်မုန့်​တွေကိုဝယ်လို့ရတယ်! သူ့​ပေါ် က​ကျောက်​တွေကိုကြည့်ဦး!"

သူ၏တိုတိုတုတ်တုတ်​နောက်လက်တစ်ဖက်သည်သရဖူ​ပေါ် က​ကျောက်​တွေအားလက်ညိုးထိုးပြလိုက်​သော်လည်း Cale သည်မျက်​မှောင်ကြုတ်ထားဆဲ။ Raon သည်နားမလည်နိုင်ရသဖြင့်ခေါင်းအားဘယ် ညာ​စောင်းရင်းစကားအားဆက်​ပြောသည်။

"မင်းရဲ့အ​ရောင်အဝါကဒီသရဖူထဲက​နေပြီးထွက်​နေတာ! ဒါကမင်းအတွက်အကျိုးရှိလိမ့်မယ်ဆိုတာငါ​သေချာတယ်! အားနည်းတဲ့မင်းကအားကြီးလာ​အောင်လုပ်ဖို့လိုတယ်​လေ!"

'ဘာလို့ငါကအားကြီးချင်ရမှာ?'

Raon ၏စကားကိုကြားလိုက်ရ​တော့ Cale သည်မျက်​မှောင်ကြုတ်လျက်မ​ကျေမနပ်​ပြောသည်။

"ငါဒါကိုမလိုအပ်ဘူး...ဘယ်လိုဖြစ်ဖြစ် မင်းကငါ့​ဘေးမှာပဲရှိ​နေမှာမဟုတ်လား?"

'ပြီး​တော့ Choi Han On နဲ့ Hong ​ကောပဲ...အင်အားနဲ့ပတ်သတ်လာရင်ငါအသုံးချလို့ရတဲ့လူ​တွေအများကြီးရှိ​နေတဲ့ဟာကို ဘာ​ကြောင့်ငါကဒီ့ထပ်ပိုအား​ကောင်းလာပြီး ​​သွေးထွက်ရမှာလဲ?'

ဘာမှပြန်​ပြောသံမကြားရ​တော့ Cale သည် Raon ဘက်သို့လှည့်ကြည့်လိုက်သည်။

အနက်​ရောင်နဂါး​လေးသည် Cale ၏အကြည့်​ကြောင့်တစ်ချက်တုန်တက်သွားခဲ့ကာစတင်​အော်​ပြော​လေသည်။

"ဒါ​ပေါ့ ငါမင်း​ဘေးမှာရှိမှာ​ပေါ့! ငါမပါဘဲမင်း​လျှောက်သွားရင် ငါမင်းကိုခွင့်မလွှတ်ဘူး!"

'ဒင်း​လေးက ​လေးနှစ်သားပဲဖြစ်ဖြစ် ​ခြောက်နှစ်သားပဲဖြစ်ဖြစ် မ​ပြောင်းလဲပါလား'

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now