Chapter 172: Perhaps (7)

732 150 5
                                    

အခန်း (၁၇၂): မဟုတ်မှလွဲ​ရော (၇)

Words Count: 4116

UNICODE


▪︎ "မင်းကဘယ်သူလဲ?" 

အိမ်​ရှေ့မင်းသားသည်လည်း သူ့အား အရင်ကအလားတူ မေးခွန်း​တစ်ခု မေးခဲ့ဖူးပါသည်။ 

မည်သို့ပင်ဆို​စေကာမူ အခုတစ်​​ခေါက်မှာ ကွဲပြားသည်။ 

▪︎ "Cale...ငါမင်းရဲ့အနာဂတ်ကိုမမြင်ရသလို...မင်းရဲ့အတိတ်ကို လွန်ခဲ့တဲ့နှစ်နှစ်ကလွဲလို့ကျန်တာ​ငါမမြင်ရဘူး" 

လွန်ခဲ့တဲ့နှစ်နှစ်။ 

ထိုသည်မှာ Kim Rok Soo တစ်​ယောက် Cale Henituse ဖြစ်လာသည့်အချိန်ဖြစ်သည်။ 

▪︎ "ငါ့မှာ အစွမ်းရယ်လို့မရှိဘူး ဆို​ပေမယ့် ငါဟာ အချိန်အကြာကြီး ရှင်သန်​နေထိုင်ခဲ့ဖူးပြီးပြီ...ငါဟာ အကြိမ်​ပေါင်းများစွာ ရှင်သန်ဖူး ​သေဖူးပြီး အကြိမ်​ပေါင်းများစွာလည်း တစ်ဖန်ရှင်သန်ခဲ့ဖူးတယ်...အဲ့ကနေပြီး ငါ့ဆီမှာ လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းကို​ ကြည့်လို့ရနိုင်တဲ့ မျက်လုံးတစ်စုံရှိလာ​ခဲ့တယ်" 

​လောကသစ်ပင်ကြီး​သည် လောကသဘာဝ၏စီးဆင်းသွားလာမှုအား အနည်းငယ်မျှကြည့်ရှုလို့ရနိုင်​ပေသည်။ သို့​သော် ဘယ်အရာတစ်ခုကိုမှ သူမမြင်​တွေ့ နိုင်ခဲ့သည့် အချိန်တစ်ခုလည်း ရှိခဲ့ဖူးသည်။ 

ထို့အပြင် အခုဆို​ လောကသစ်ပင်ကြီးကြည့်ရှုလို့ရနိုင်သည့် အဖြစ်အပျက်အ​ရေအတွက်မှာ တ​ဖြေး​ဖြေး​လျော့နည်းလို့ လာ​​​​နေလေပြီ။ 

▪︎ "ဟိုးအရင်အရင်တစ်ချိန်တုန်းက​ပေါ့" 

နှင်းမုန်တိုင်းကြီးတစ်ခုအားဖန်တီး၍​ မြောက်ပိုင်းအား လွှမ်းမိုးဖို့အပြင် သူ့၌ တခြား​ရွေးချယ်စရာမရှိခဲ့သည့်အချိန်အား​ လောကသစ်ပင်ကြီးသည် ပြန်လည်အမှတ်ရမိသည်။ 

ထိုသည်မှာ အ​ကြောက်တရားအား သူပထမဆုံးခံစားရမိခဲ့ချိန်ဖြစ်သည်။ 

▪︎ "မင်းလိုမျိုးပဲ သူတို့ရဲ့အတိတ်ရော အနာဂတ်ကိုပါ ငါကြည့်လို့မရနိုင်ခဲ့တဲ့လူ​တွေရှိခဲ့ဖူးတယ်...သူတို့ရဲ့ အနီးစပ်ဆုံး အနာဂတ်အ​နည်းအကျဥ်းလောက်ကိုပဲ ငါ​မြင်ခဲ့ရတယ်" 

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now