Chapter 120: Nice To Meet You (3)

1.3K 254 13
                                    

အခန်း (၁၂၀): ​တွေ့ ရတာဝမ်းသာပါတယ် (၃)

Words Count: 5721

UNICODE

Cale မှာစိတ်လှုပ်ရှား​နေတာမှန်​​​သော်လည်း အရူးတစ်​ယောက်လိုရယ်​​မော​နေသည့် Toonka ကိုမြင်​နေရတာက​တော့စိတ်ချမ်းသာစရာ​မ​ကောင်း​လှပေ။

"မနက်ဖြန်ဖျက်စီး​ပေးမှာမလား?"

Cale အားထို​မေးခွန်း​မေးလိုက်​သော Toonka ကိုကြည့်ရသည်မှာသူ၏​မွေး​နေ့လက်​ဆောင်ကဘာလဲဆိုပြီးသိချင်​နေသည့်က​လေးတစ်​ယောက်နှင့်ပင်တူ​ချေသည်။

ထို့​ကြောင့်ပဲ သူ၏​​​မျှော်လင့်ချက်တို့ကိုမြှင့်တင့်​ပေးလိုက်ရန် Cale ကဆုံးဖြတ်ခဲ့၏။

"ဟင့်အင်း"

"...ဘာ?"

Toonka အပါအဝင် Harol နှင့်အခြား​သောရာထူးကြီးအရာရှိတို့အကုန်လုံးမှာ​တောင့်တင်းကုန်သည်။ Cale သည်သူတို့၏​တောင့်တင်းသွား​သောမျက်နှာ​​ဘေးတို့အားကြည့်ရင်းလန်းဆန်းတက်ကြွစွာ​အ​ဖြေကို​ပေးသည်။

"ဖျက်စီးတယ်ဆိုတဲ့စကားကအရမ်း​ပေါ့လွန်းတယ်...အဲ့ဒီ့အ​ဆောက်အအုံတစ်ခုလုံးကိုအမူန့်ဖြစ်​သွားအောင်ငါလုပ်​ပေးမယ်ဆိုဘယ့်နှယ့်လဲ?"

"ဘာ? အဟားဟားဟားဟား!"

Toonka သည်အရူးတစ်​ယောက်ပမာရယ်​မောပြီး​ မှော်​မျှော်စင်ဝန်းအပြင်ဖက်ရှိအ​ခြေစိုက်စခန်းဆီသို့သူ၏လက်​မောင်းတို့အားဖြန့်ကျက်လျက်​လျှောက်ဝင်သွားခဲ့သည်။

သူစတင်​အော်​ပြောလိုက်ချိန်စစ်သားအ​တော်အများမှာသူ့အားလာ​ရောက်နူတ်ဆက်ကြ၏။

"မင်းတို့ကြားကြလား? ဒီငါတို့​တွေရဲ့အငြိုးတရားကိုသက်​သေပြ​နေတဲ့ဟာကြီးကမကြာခင်​ပျောက်ကွယ်​သွားတော့မယ်! Whipper တိုင်းပြည်ရဲ့သမိုင်းသစ်ကမကြာခင်စတင်နိုင်​တော့မယ်!"

ဘွန်း ဘွန်း ဘွန်း။

စစ်သားများမှာသူတို့၏​ခြေ​ထောက်ကို​ဆောင့်ကာအားပေးကြသည်။

'ငါဒါကြီးကိုစိတ်ညစ်လာပြီ​နော်'

သူတို့၏အရိုင်းဆန်​သောနည်းလမ်းများအားသူစိတ်ညစ်လာရသည်။ ရုတ်တရက်ဆိုသလို Harol Kodiang သည်သူ့အနားသို့ချည်းကပ်လာကာ Cale ​နောက်တွင်ရပ်​နေသော Choi Han၊ Lock နှင့် Rosalyn တို့အားတစ်ချက်​ချောင်းကြည့်ပြီး​နောက် Cale နှင့်စတင်စကား​ပြောသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now