Chapter 140: In The Middle Of The Night (2)

1.4K 247 21
                                    

အခန်း (၁၄၀): ညလယ်​ခေါင်အချိန် (၂)

Words Count: 5462

UNICODE


Alberu သည် Cale ၏စကားကိုသ​ဘောတူခဲ့ပြီး​နောက်သူတို့အားလုံးသည်သင်္ဘော​ပေါ် သို့အတူတက်​ခဲ့ကြ​တော့သည်။ ထို့​​နောက်သူတို့သည်​ရွေ့လျားစက်ဝန်း​ဂိတ်ပေါ် သို့ချက်ချင်းတက်လိုက်ကြသည်။

Ubarr နယ်စားသခင်မသည် Alberu ဘက်သို့ဦးညွတ်​အ​လေးပြုသည်။

"အရှင့်သားခရီးလမ်း​ဘေးကင်းပါ​စေလို့ကျွန်​တော်မျိုးမဆုမွန်​​ကောင်း​တောင်း​ပေးလိုက်ပါတယ်"

"​နောက်မှပြန်​တွေ့ ကြတာ​ပေါ့"

Ubarr နယ်စားသခင်မသည် Cale အားမပြုံးပြခင် Alberu အား​နောက်တစ်ကြိမ်ဦးညွတ်ခဲ့သည်။ Mage တစ်ဦးက​ရွေ့လျားဂိတ်စက်ဝန်းကိုစတင်ဖွင့်လိုက်သည်ကိုမြင်လိုက်ရ​တော့ Cale သည်သူမဖက်အားအသာဦးညွတ်ခဲ့​လေသည်။

ဂျီ~ဂျီ~ဂျီ~ဂျီ~ဂျီ~။

ရွေ့လျားစက်ဝန်းဂိတ်သည်စတင်ခါရမ်းလာ၏။

• "ဟူးမန်း ငါသွားနှင့်မယ်သိလား! ငါ​ရွှေဘိုးဘိုးကြီးကိုမင်းကို​ကောင်း​ကောင်း​​စောင့်​ရှောက်​ပေးထားပါလို့​ပြော​ခဲ့ပြီးပြီ! တစ်​အောင့်​နေပြန်​တွေ့ ကြမယ်!"

• "တာ့တာ!!"

​ရွေ့လျားစက်ဝန်းဂိတ်ဆီမှအလင်းတို့ပွင့်အံထွက်ကြလာသည်ကိုမြင်လိုက်ရ​တော့ Cale သည် Raon မှာအရင်သွား​နှင့်လောက်ပြီဟုသူ​တွေးမိခဲ့သည်။ ထိုအချိန်သူသည် Alberu အသံကိုကြားလိုက်ရ၏။

"Cale Henituse"

"မှန်ပါ့ အရှင့်သား"

"မင်းရဲ့ပုံမှန်ပုံစံအတိုင်းသာ​နေ"

"...ကျွန်​တော့်ရဲ့ပုံမှန်ပုံစံ?"

[အက်ကွဲသံ]

အ​ဝေး​ရောက်​ရွေ့လျားဂိတ်စက်ဝန်းသည်စတင်တုန်ခါလာ၏။ Cale သည်သူ့ပတ်ပတ်လည်ရှိမြင်ကွင်းတို့တွန့်လိမ်ရူံ့တွလာသည်ကိုအာရုံမ​ရောက်မိခဲ့ဘဲအဲ့အစားသူသည် Alberu ကိုသာစိုက်ကြ​ည့်​နေခဲ့မိသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now