Chapter 107: Forgot About It (4)

1.4K 256 3
                                    

အခန်း (၁၀၇): ​မေ့လိုက်ပါ​တော့ (၄)

Words Count: 4826

UNICODE


ကျိန်း​သေ​ပေါက်ကို Cale မှာ​နေရာတွင်တရို​တသေထိုင်၍ မျိုးရိုးမြင့်တစ်​ယောက်နှင့်သင့်​လျော်​သောပုံစံဖြင့်ကွတ်ကီးစား​နေလျက်ရှိပါသည်။

[ကွတ်ကီးစားသံများ]

ထုံးတမ်းကျင့်ဝတ်နှင့်အညီ Cale မှာကွတ်ကီးအားဖြစ်နိုင်သမျှတိုးတိုးတိတ်တိတ်စားလို့​နေ​ပေမယ့် တကျွတ်ကျွတ်ဝါးစား​သံများမှာအခန်းတွင်း​တောက်​လျှောက်ကြားလို့ရနိုင်​သေးသည်။

• "ဟူးမန်း ကွတ်ကီးကအရသာရှိလား?"

Raon ၏တံ​တွေးမြိုချသံသူ့​နောက်မှထွက်​ပေါ် လာသည်ကို Cale ကြားလိုက်ရ၏။

"အရှင့်သား...အရှင့်သားလိုအပ်တာတစ်ခုခုများရှိလို့လား?"

"မ-မရှိဘူး မရှိဘူး"

အငိုသန်သူ​လေး​ယောက်​မြောက်မင်းသား Pen မှာ Cale ဆီမှအလျင်အမြန်​ရှောင်လွှဲသွား၏။

Roan တိုင်းပြည်မှအိမ်​ရှေ့စံမင်းသားဖြစ်​သော Alberu Crossman သည်သူ့အား Cale မှာ 'အရည်အချင်းပြည့်ဝပြီးရို​သေ​လေးစားမှု' ရှိ​သောပုဂ္ဂိုလ်တစ်ဦးဖြစ်​ကြောင်းပြောကြားခဲ့သည်။

'Cale Henituse ကတိုင်းပြည်ရဲ့ရတနာတစ်ပါးဖြစ်လာနိုင်​ချေရှိတဲ့ပုဂ္ဂိုလ်တစ်ဦးလို့ကျွန်​တော်ယုံကြည်ထားပါတယ်'

မည်သို့ပင်ဆို​စေကာမူ ထိုသည်က Breck တိုင်းပြည်၏ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့​ဖူးသောသူ၏အစ်မ​တော်အားခစားဖို့ရာမလုံ​လောက်​သေးဟူ၍ Pen ​တွေးခဲ့မိသည်။

Pen သူ့ကိုစစ​တွေ့ ချင်းတုန်းက Cale ကိုကြည့်ရသည်မှာမနည်းရုန်းကန်​နေရ​သောမျိုးရိုးမြင့်တစ်​ယောက်နှင့်တူ​ချေသည်။ ​လော​လောဆယ် Henituse နယ်​​မြေ၏အ​ခြေအ​နေမှာလည်းကြည့်ရဆိုးလှသည် အဓိကအ​ကြောင်းရင်းက​တော့သူတို့​၏ရဲတိုက် နှင့် ရဲတိုက်အုတ်တံတိုင်းများအားပြုပြင်မွမ်းမံ​နေ၍ဖြစ်​လောက်သည်။

'ဒါ​ပေမယ့်ဒါကဘာလဲ?'

Cale နှင့် Rosalyn ကြားမှဆက်ဆံ​ရေးမှာသူထင်မှတ်ထားသည်နှင့်ကွဲပြားမှန်း Pen ချက်ချင်းဆိုသလိုသတိပြုမိခဲ့သည်။ Rosalyn နှင့် Cale ကိုကြည့်ရသည်မှာအဆင့်အတန်းအတူတူလိုပင်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now