Chapter 137: Together (5)

1.3K 237 17
                                    

အခန်း (၁၃၇): အတူတူ (၅)

Words Count: 3883

UNICODE


အချိန်တစ်နာရီကုန်ဆုံးပြီး​နောက်။

ရှဲ။

တစ်စုံတစ်ခု​လောင်ကျွမ်းသည့်အသံနှင့်ခပ်ဆင်ဆင်မြည်သံတစ်ခုမှာအခန်းထဲပြည့်​နေလျက်။

"ဟင့်, အား"

အသက်သွင်းသူ Mary ထံမှလည်းညည်းညူသံတို့ထွက်​ပေါ် လျက်။

'...အမာရွတ်​တွေကအဲ့နည်းနဲ့​ပေါ် လာတာပဲ'

Cale သည်သူ၏​အောက်နူတ်ခမ်းအားဖိကိုက်မိသည်။

• "ကြည့်ရတာ​တော်​တော်နာမယ့်ပုံပဲ"

Raon ၏ဝမ်းနည်း​​နေသောအသံမှာ Cale ​ခေါင်းထဲ၌ပဲ့တင်ထပ်လာသည်။

Hannah ကိုယ်​ပေါ် ရှိ​ပေါက်ကွဲထွက်လုမတတ်ဖြစ်​နေ​သောအမည်း​ရောင်​သွေး​ကြောများမှာတ​ဖြေး​ဖြေးနှင့်ကျုံ့လာခဲ့သည်။ မျက်စိဖြင့်မြင်​နေရ​သော​နေရာအားလုံးနှင့် သူမ၏လက်​မောင်း၊ မျက်နှာ၊ လည်ပင်း နှင့် ​ခြေ​ထောက်တို့အကုန်မှာစတင်ပြီးငြိမ်ကြလာ​သည်။

အပြန်အလှန်အ​နေဖြင့် အမည်း​ရောင်ပင့်ကူအိမ်တို့နှင့်တူ​​သောလိုင်း​ကြောင်းများမှာသူမ၏ခန္ဓာကိုယ်​ပေါ် ၌​ဆေးမင်​ကြောင်ပမာ​ပေါ် ထွက်လာ​တော့သည်။

ထိုသည်မှာရွံ့စရာ​ကောင်းလှသည်။ အကျည်းတန်လှသည်။

ယင်းမျဥ်း​ကြောင်းများမှာသူမခန္ဓာကိုယ်​အနှံ့အချိန်ကြာမြင့်စွာမိုး​ခေါင်​ရေရှားခဲ့​သောမြစ်လက်တံများပမာပျံ့နှံ့ခဲ့သည်။

"...Hannah"

သူ​တော်စင်မှာသူမအားမျက်စိအပြူးသားဖြင့်စိုက်ကြည့်​နေခဲ့သည်။

ထိုအချိန်တွင်ဖြစ်သည်။

"ဟင့်, အက်"

Hannah ၏ခန္ဓာကိုယ်မှာရုတ်တရက်ကြီးကိုင်းကျလာသည်။ လန့်ဖျပ်သွား​သော Tasha က Hannah ကိုယ်အားလှမ်းဖမ်းလိုက်စဥ် Hannah သည်မျက်စိပွင့်လာ၏။ သူမ၏မျက်စိသူငယ်အိမ်တို့မှာစူးစူးစိုက်စိုက်ရှိမ​နေ​​​ပေ။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now