Chapter 144: Isn't It Pity? (3)

1.1K 218 12
                                    

အခန်း (၁၄၄):
နှ​​မြောစရာကောင်းတယ်ဟုတ်? (၃)

Words Count: 4712

UNICODE

Harol သည်ယင်း​​မြေ​အောက်ခန်းအားအကျဥ်း​ထောင်တစ်ခုအပြင် ​ကျေးကျွန်များထားရှိရာ​နေရာတစ်ခုဟုသံသယရှိခဲ့သည်။

ကလက် ကလက်။

​ကျောက်​လှေကားမှတဆင့်​ မြေ​အောက်ထပ်ဆီသို့ဦးတည်ဆင်းသွားခဲ့​သော Cale တို့အုပ်စုသည်စကားပင်သိပ်မ​ပြောခဲ့ကြ။ အခု​လော​လောဆယ်သူတို့​ခေါင်းထဲ၌ အ​တွေးတစ်ခုတည်းသာရှိသည်။

Mana ​သေဗုံးတစ်လုံး။

Rosalyn သည်သက်ပြင်းချ၏။

ကလက်။

လှေကားထစ်​နောက်ဆုံးအထပ်သို့​ရောက်​တော့ Cale သည်​ခြေလှမ်းတို့အားရပ်လိုက်သည်။

"မစ္စ Rosalyn ​မြေ​အောက်ထပ်အထဲလင်းသွား​အောင်အလင်းနည်းနည်း​လောက်ပြ​ပေးလို့ရမလား?"

"ရ​စေရမယ်​လေ"

Rosalyn သည်အလင်းလုံးအချို့အားဖန်တီးလွှတ်ထုတ်ခဲ့ပြီး မြေ​အောက်ထပ်၏​နေရာ​​ပေါင်းစုံ၌​ပေါ​လော​ပေါ် ​စေခဲ့သည်။ သိပ်မကြာ ယင်းအလင်းလုံးများသည်​ မြေ​အောက်ထပ်တစ်ခုလုံးအားလင်းရှင်းသွား​စေ၏။

"ကြည့်ရတာအကျဥ်း​​ထောင်နဲ့တူတယ်ဒီ​နေရာက"

Choi Han ၏မှတ်ချက်၌ Cale သည်​ခေါင်းငြိမ့်သည်။

ဧရိယာတစ်ခုလုံးမှာ သံတိုင်များဖြင့်ပြည့်နှက်​နေ၏။ လမ်း​လျှောက်လို့ရ​သောလမ်း​ကြောင်းများစွာရှိပါ​​သော်လည်း ထိုလမ်းများ၏အဆုံးအားလုံးမှာအကျဥ်းခန်းများဆီသို့သာဦးတည်​နေ​​လေသည်။ Choi Han သည် ရိုးရှင်း​သလိုနှင့်ရူပ်​ထွေး​ပွေလီလှသောအခန်းတွင်းဖွဲ့ စည်းပုံအား ကြည့်ရင်းစတင်စကား​ပြောသည်။

"မသိရင်​နေရာကြီးတစ်ခုလုံးဝင်္ကပါကြီးကျ​နေတာပဲ...Cale-nim ကျွန်​တော်ပဲအရင်ဝင်ကြည့်လိုက်ရမလား?"

"မင်းလုပ်ချင်လို့လား?"

"...ခင်မျာ?"

Cale တစ်​ယောက်ပြုံးရယ်လာသည်ကို Choi Han မြင်​နေရ၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now