Chapter 173: Tricked?

858 154 5
                                    

အခန်း (၁၇၃): လှည့်စားတယ်?

Words Count: 4208

UNICODE

Cale နှင့် သူ၏အဖွဲ့ တို့သည်သူတို့အလာခရီးစဥ်တုန်းကတည်းခဲ့ကြ​သောတည်းခို​ဆောင်သို့ပြန်လာခဲ့ကြသည်။ ထိုင်ခုံ​ပေါ် သို့ထိုင်ကာ မှီချလိုက်​သော Cale ကိုကြည့်ရသည်မှာစိတ်နှင့်လူကပ်မ​နေသည့်ပုံပင်။

• "ဟူးမန်း အဲ့မှာကသိပ်​ပျော်ဖို့​ကောင်းတာပဲ! ငါကဘယ်​လောက်​တောင်ကြီးကျယ်မြင့်မြတ်လည်းဆိုတာသူတို့​တွေသိသွားကြပြီ!"

တစ်ဖက်တွင်မူ ကိုယ်​ယောင်​ဖျောက် Raon မှာအလွန်အမင်းကိုတက်ကြွ​နေ၏။ Killer ​ဝေလငါးကြီး Archie သည်မယုံကြည်နိုင်စွာဖြင့်တစ်ကိုယ်တည်း​ရေရွတ်​၏။

"...ကြောက်စရာ​ကောင်းတဲ့​ကောင်​တွေ"

သူ​ပြော​နေသည့်​ကြောက်စရာ​ကောင်းတဲ့​ကောင်​တွေဆိုသည်မှာအဆုံးသတ်ရွာမှနတ်သူငယ်များကိုပင်ဖြစ်၏။

Cale သည်မျက်နှာကြက်အား​မော့ကြည့်ကာသူတို့အားမျက်ရည်လဲရွဲဖြင့်နူတ်ဆက်ခဲ့ကြ​သောနတ်သူငယ်တို့၏မြင်ကွင်းကိုပြန်လည်​တွေး​တောမိသည်။

'ရက်ပိုင်း​လောက်​လေးပဲ​နေရ​​သေးတာကိုပြန်ကြ​တော့မလို့လား? ကျွန်​တော်ဖြင့်သိပ်ဝမ်းနည်းတာပဲ'

'ဒီ​ရေခဲကန်ကြီးအောက်မှာထိန်လင်း​တောက်ပတဲ့​နေမင်းကိုကျွန်​တော်တို့မြင်​တွေ့ လိုက်ရသလိုပါပဲ...ကျွန်​တော်တို့အတူကုန်ဆုံးခဲ့တဲ့ဒီအဖိုးတန်တဒင်္ဂအချိန်ကိုကျွန်​တော်တစ်သက်လုံးအမှတ်ရသွားမှာပါ'

နတ်သူငယ်များသည်ငိုယိုရင်း Raon အားထိုကဲ့သို့စကားများ​ပြောဆိုခဲ့ကြသည်။

'စိတ်မပူကြနဲ့! ငါ​ရွှေဘိုးဘိုးကြီးနဲ့အတူ​ပြန်လာခဲ့မယ်!'

Raon ၏တက်ကြွစွာ​ပြောလာသောထိုစကားကိုကြားလိုက်ရ​သော် နတ်သူငယ်များသည်ချီးကျူးဩဘာ​ပေးကြ​တော့သည်။

အထီးကျန်​ရေကန်ထဲမှထွက်လာဖို့အတွက်နတ်သူငယ်များနှင့်ဒြပ်စင်တို့ကြားထဲမှတိုးထွက်လာခဲ့ရ​သော Cale သည်​ခြေကုန်လက်ပန်းကြ​​နေ​လေသည်။ ထို့​နောက် သူသည်သူ၏လက်အား​နွေး​ထွေးစွာပွတ်သပ်ကာစကား​​ပြောခဲ့​သောသက်လတ်ပိုင်းနတ်သူငယ်ကြီးအားအမှတ်ရမိခဲ့၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now