Chapter 112: Scary (5)

1.3K 247 8
                                    

အခန်း (၁၁၂):
ကြောက်စရာ​ကောင်းလိုက်တာ (၅)

Words Count: 5186

UNICODE


"ဒီတိုင်းမင်းတို့ကဘယ်သူ​တွေလဲ?"

​မှော်လှံဆရာ၏အ​မေးအား Choi Han ကပြန်​ဖြေသည်။

"လျှို့ဝှက်အဖွဲ့ အစည်း"

အခုဆို Choi Han မှာသူ၏အ​ဖြေအားအလွန်ကိုယုံကြည်ချက်ရှိ​နေ​လေပြီ။ Cale သည် Choi Han တစ်​ယောက်သူ၏မျက်နှာဖုံးဟ​နေ​သော​နေရာက​နေမှတဆင့်​လှောင်ပြုံးပြုံးလိုက်သည်အားမြင်လိုက်ရသည်။ တစ်မိုး​အောက် Choi Han ​က​လှောင်ပြုံးပြုံး​လာသည်ကိုသူမယုံကြည်နိုင်ရ။ ယင်းမှာ Choi Han ၏အကျင့်စရိုက်နှင့်လိုက်ဖက်မှုမရှိပါ။

"ဘယ်လို​တောင်အရူးတစ်သိုက်လဲ"

သူတို့သည်​မှော်လှံဆရာ၏တကယ့်ခံစားချက်အစစ်အမှန်တို့အားခံစားရမိပါသည်။ သူ့ကြည့်ရသည်မှာ​ဒေါသထွက်​နေပုံ​ပေါ် ပြီး စိတ်ရူပ်​နေပုံရသည်။ ထို့အပြင် အသက်ဆယ့်နှစ်နှစ်အရွယ်​လောက်ရှိမည့်​ကောင်​ငယ်​လေးတစ်​ယောက်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်​ယောက်လည်းရှိ​နေ​​သေးသည်။

သူတို့နှစ်ဦးလုံးမှာ​မှော်လှံဆရာ​​လောက်မသန်မာကြ။ သို့​သော်လည်း ယင်း​ကောင်ငယ်​လေးမှာထူးခြားသည်။

သူတို့၏အသုံးဝင်လှ​သောစစ်​ဆေး​ရေးမှုူး Raon က Cale အားရှင်းပြ၏။ ထို့အပြင် Pendrick မှာထိုသူတို့နှစ်​ယောက်အ​ကြောင်းအား Cale ကို​ပြောပြပြီးဖြစ်၏။

'​ကောင်ငယ်​လေးကတိရစ္ဆာန်​ထိန်းဖြစ်တဲ့ပုံပဲ...သူအသုံးပြုတဲ့စကားအသုံးအနူန်း​တွေအရဆို သူ့ရဲ့ပုံစံအသွင်အပြင်ကပဲ​ကောင်ငယ်​လေးပုံ​ပေါက်​​နေတာ...သူကစိတ်ဆန္ဒ​ပျောက်ဆုံးသွားပုံတဲ့တိရစ္ဆာန်​တွေကို Mana ​သေ​တွေဖြန့်​ကျက်စေပြီး​တော့နတ်သူငယ်​တွေနဲ့တိုက်ခိုက်ခိုင်းတယ်...သက်လတ်ပိုင်းဓါးသမားက​တော့အဲ့ဒီ့တိရစ္ဆာန်ထိန်းကိုကာကွယ်​ပေးတယ်'

ထို့အပြင် သူတို့သည်လျှို့ဝှက်အဖွဲ့ အစည်းမှစစ်သား​ပေါင်းရာချီတို့ကိုပါမြင်​တွေ့ ​နေရသည်။ နတ်သူငယ်တို့ဖက်တွင်​တော့အရွယ်​ရောက်ပြီးသားနတ်သူငယ်များအ​ရေအတွက်မှာအများဆုံးနှစ်ရာ​ခန့်ရှိသည်။ ဒြပ်စင်တို့၏အကူအညီနှင့်​တောင်မှနတ်သူငယ်များအခက်​တွေ့ ​နေရသည်မှာသိပ်မဆန်းလှ အထူးသဖြင့်လျှို့ဝှက်အဖွဲ့ အစည်းမှာ Mana ​သေအားအသုံးပြု​​နေခြင်း​ကြောင့်လည်းပါ​သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now