Chapter 197: There's A Dragon...? (2)

645 127 6
                                    

အခန်း (၁၉၇): နဂါးတစ်​ကောင်ရှိ​နေတယ်? (၂)

Words Count: 4700

UNICODE

ပီးးးးးးး~~~~ပီးးးးးးးး~~~~။

ရုပ်သံဆက်သွယ်​ရေးစက်အကုန်မှာ​ တောက်​လျှောက် မီးနီများ လင်းလို့​နေ၏။

Henituse အိမ်​​တော်မှ ဒုတိယသားဖြစ်သူ Basen Henituse သည် သတင်းအချက်အလက်ထိန်းချုပ်ခန်းထဲမှ​နေ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဤအခန်းမှာ ရဲတိုက်ကြီး၏အမြင့်​ဆုံးမျှော်စင်ထဲ၌ တည်ရှိ​တာဖြစ်သည်။

Henituse အိမ်​တော်တစ်ခုလုံး၌ အလုပ်အများဆုံးဖြစ်​နေရမည်မှာ ဒီအခန်းဖြစ်​သော်လည်း အခန်းထဲရှိလူတို့မှာ ဒီတိုင်း​ မတ်တပ်ရပ်ငေး​ကြောင်​နေကြသည်။

ထိုသည်မှာ အထူးသဖြင့် ရုပ်သံဆက်သွယ်​ရေးစက်တစ်လုံးအား လက်ထဲ၌ ကိုင်ထားလျက် ပါးစပ်အ​ဟောင်းသားဖြင့် မတ်တပ်ကြီးရပ်လို့​နေ​သော Basen အတွက်ဆို ပိုမိုမှန်ကန်​လေသည်။ တစ်စုံတစ်​ယောက်၏အသံမှာ ရုပ်သံဆက်သွယ်​ရေးစက်ထဲမှ ထွက်​ပေါ် လာသည်။

• "ဟားဟားဟား~ ဖြစ်ရမယ်"

Alberu Crossman ။ ထိုအသံမှာ အိမ်​ရှေ့စံမင်းသား၏အသံဖြစ်သည်။

အခုကို သူသည် ရုပ်သံဆက်သွယ်​ရေးစက်မှ​တစ်ဆင့် မိုးဦးမြို့​တော်အား​ စောင့်ကြည့်​နေသည်။

သူသည် Cale ၏ဒိုင်းကာကြီးနှင့်တကွ ​ မျှော်မှန်းထားသည့် အ​ရေအတွက်ထက် ပို၍များပြား​နေ​သော ဝိုင်ဗန်တို့ကိုပါ မြင်​နေရသည်။

ထိုသည်သာမက ရာ​ပေါင်းများစွာ​သော မ​ကောင်းဆိုးဝါးအရိုးစုတို့ အပါအဝင် နဂါးကြီး၏အရိုးစုအား သူမြင်​နေရပါသည်။

'ဒီအရူး​ကောင်က​တော့'

Cale မှာ ရူးခါ​နေ​သော​ကောင်စုတ်ပါလား ဟူ၍ သူ​တွေးမိသည်။

မည်သို့ပင်ဆို​စေကာမူ ဖန်မျက်နှာပြင်မှတစ်ဆင့်ထိုအရူး​ကောင်အားကြည့်​နေရင်း သူ၏လက်​ချောင်းတို့ ထုံကျဥ်လာသည်ကို Alberu ခံစား​နေရသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now