Chapter 180: I Did Pick It Up...But (2)

636 109 2
                                    

အခန်း (၁၈၀): ငါ​ကောက်​တော့​ကောက်လိုက်တာပဲ...ဒါ​ပေမဲ့ (၂)

Words Count: 4507

UNICODE

သို့​သော် ထ်ိုသည်မှာ တခြားသူ​တို့၏ပြသနာဖြစ်၏။

ပွဲ​တော်၏​နောက်ဆုံးညဖြစ်​သော​ကြောင့် လူအများ မအိပ်​ပျော်ခဲ့​သော ဤည၌ ညသန်း​ခေါင်ယံအား ဝါးမြို​လောင်ကျွမ်းချင်​နေသလိုမျိုးတဟုန်းဟုန်း​တောက်​လောင်​နေသည့် မီး​တောက်လုံးကြီးသည် Duke အိမ်​တော်တွင်းမှ လူတို့အားအိပ်မ​ပျော်​အောင် ပြုလုပ်​နေ​လေသည်။

အိမ်​တော်၏အိမ်​ထောင်ဦးစီး နှင့် သခင်​လေးတို့​တောင် အိပ်မ​ပျော်နိုင်ဖြစ်​နေမှ​တော့ ကျန်​သောသူတို့သည်လည်း အိပ်လို့မရ။

"ဘ-ဘယ်လို​တောင်​ စောက်-​​စောက်ရူး​ကောင်​လဲ!"

Duke အိမ်​တော်၏အိမ်ထိန်းအိုကြီးမှာ မယုံကြည်နိုင်ရ။

ရဲမက်များနှင့် စစ်သားတို့မှာ သူ၏မြင်ကွင်းအား ကွယ်​နေကြ​သော်လည်း သူသည် ကျိုး​ကြေပျက်စီး​နေ​သော ဝိုင်ဗန်ရုပ်တုတို့အား မြင်​နေရ​သေးသည်​လေ​။ အနှီဝိုင်ဗန်ရုပ်တုတို့ဆိုသည်မှာ Sekka မိသားစု၏အမှတ်အသားအဖြစ် သားစဥ်​မြေးဆက် သုံးစွဲခဲ့တာဖြစ်သည်။

​ဂျလွတ် ဂျွတ်။

ထိုကဲ့သို့​သော သမိုင်းဝင်ရုပ်တုတို့မှာ လူတစ်​ယောက်တည်း​ကြောင့်နှင့် အမှုန့်အဖြစ် ပြောင်းလဲသွား​ကုန်​လေပြီ။

"အိုက်ဂူး~~ငါ့နဲ့ လက်​လေးပဲတင်ရ​သေး ဘယ်လိုလုပ် အပိုင်းပိုင်းဖြစ်သွားတာတုန်း!"

အနက်​ရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့်အရူးအနှမ်းတစ်​ယောက်မှာ ရုပ်တုအပိုင်းအစတို့အား အမှုန့်ဖြစ်​အောင် လက်နှင့်​ချေလျက် ရယ်​မော​နေ​ချေသည်။

ထိုသူမှာ အလိုအ​လျောက်ဆိုသလို Archie ပင်ဖြစ်​၏။

"ဝါး~~တကယ်အံ့ဩဖို့​ကောင်းတယ်...ဒါ​​တွေ​ပေါ် လမ်း​လျှောက်ရတဲ့ခံစားချက်က"

ရုပ်တု၏အပိုင်းအစတို့မှာ Archie တစ်​ယောက်နင်း​ချေလိုက်တိုင်း အစိတ်စိတ်အမွှာမွှာဖြစ်သွား ကြ​လေသည်။ ထိုသို့ပြုလုပ်ရင်းဖြင့် Archie မှာ စိတ်​ပျော်လာသည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now