Chapter 198: There's A Dragon...? (3)

702 127 4
                                    

အခန်း (၁၉၈): နဂါးတစ်​ကောင်ရှိ​နေတယ်? (၃)

Words Count: 5812

UNICODE

အ​စောင့်အ​ရှောက်စစ်သည်​တော်ကြီး Clopeh Sekka မှာ မယုံကြည်နိုင်။

အခု သူ့​ရှေ့၌​ Henituse နယ်​​မြေအား ကာကွယ်​စောင့်​​ရှောက်​ပေး​နေသလို မားမားမတ်မတ်ရှိလို့​နေ​သော အနက်​ရောင်နဂါးအရိုးစု နှင့် ဆံပင်အနက်​​ရောင်ရှိ မာစတာအဆင့် ဓါး​ရေးဆရာတစ်​ယောက် ရှိ​နေ၏။

'ဘာလဲ အခုဒီမှာ မာစတာအဆင့်ဓါး​ရေးဆရာ​ပါရှိ​နေတာလား?'

'ဒီ​လောက်​တောင် ရူးခါဖို့ကောင်းတဲ့နယ်​​​မြေမျိုး ဘယ်လိုလုပ်ပြီးရှိနိုင်ရတာ!?'

ထိုသူတို့ပေါ် ၌ Roan တိုင်းပြည်၏​တော်ဝင်အမှတ်တံဆိပ်လည်းမရှိသည့်ပုံအရ ထိုသူတို့အကုန်မှာ Henituse အိမ်​တော်လက်​အောက်မှပင် ဖြစ်ရမည်။ Clopeh ၏မျက်နှာအမူအရာမှာ​ တောင့်တင်းသွား၏။

ထိုအချိန်တွင်ဖြစ်၏။

"ကပ္ပတိန်ကြီး"

သူ၏လက်​အောက်ငယ်သား ရဲမက်ထဲမှတစ်ဦးသည် သူ့အနားသို့ ချည်းကပ်လာ၏။

ထိုသူမှာ ပျံသန်းအရိုးစုဖွဲ့ကြီး ပထမဆုံးအကြိမ်အ​နေနှင့်​ ပေါ် ထွက်လာတုန်းက သူ့ဆီသို့​ရောက်လာခဲ့သည့် တစ်​ယောက်ပင်။ သူတစ်​ယောက်တည်းသာ Clopeh အား စကား​ပြောခွင့်ရှိထားသည်။

"ဘာလဲ?"

Clopeh သည် Choi Han ​ပေါ် မှ သူ၏အကြည့်တို့ကို မခွာဘဲ ပြန်တုံ့ပြန်၏။ လက်​အောက်ငယ်သားသည် စတင် စကား​ပြောသည်။ သူ၏အသံမှာ ယုံကြည်မှုတို့ပြည့်​နေ​​သော​လေသံပင်။

"ကြည့်ရတာ ရာဇဝင်တွင်မယ့် ကပ္ပတိန်လိုလူဆီမှာ အမြဲလိုလို​ ကျော်ဖြတ်ရမယ့်​တောင်တန်းတွေရှိ​နေတယ်နဲ့ တူပါတယ်"

Clopeh ၏မျက်နှာအမူအရာမှာ တစ်မျိုးထူးဆန်းသွား၏။ အ​ကြောက်တရား နှင့် ​လောဘတို့မှာ သူ့မျက်နှာအား လွှမ်းမိုးသွား၏။ ထို့​​နောက် သူသည် သူ၏လက်​အောက်ငယ်သားအား အမိန့်​ပေးလိုက်​တော့သည်။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now