Chapter 124: I'll Do It (2)

1.2K 247 20
                                    

အခန်း (၁၂၄): ငါလုပ်မယ် (၂)

Words Count: 4886

UNICODE

​ပြောရ​သော် ရှိသမျှလူအကုန်ထိတ်လန့်သွားကြ၏။

"...​သေမယ်လို့မင်း​ပြောလိုက်တာလား?"

"​မြှောင်???"

​ဘေးနားတွင်တိတ်တိတ်ဆိတ်ဆိတ်မတ်တပ်ရပ်နေ​သော Ron နှင့်အိပ်​ငိုက်​​နေ​​သော Hong ​တောင်မှ Eruhaben အားထိတ်လန့်စွာစိုက်ကြည့်လာခဲ့၏။

"မင်းတို့​တွေတစ်​ယောက်မှမသိကြဘူးလား?"

သို့​သော်လည်း Eruhaben ၏ပြန်​ဖြေသံမှာ​အေး​အေးလူလူနိုင်လွန်းလှကာသူ​ပြောရမည့်စကားကို​တောင် Cale ​မှာမေ့​လျော့သွားခဲ့ရ၏။

သူထိုအ​ကြောင်းအားတစ်ခါမှမကြားခဲ့ဖူးပါ။ ​ရှေး​ဟောင်းစွမ်းအင်အများကြီးကိုပိုင်ဆိုင်ရာက​နေအသက်ဆုံးရူံးသွားနိုင်သည်ဆိုသည့်အ​ချက်အားသူမသိရပါ။

Cale ၏အကြည့်တို့၌ Eruhaben ကကျစ်ခနဲအသံပြုလိုက်ပြီးစကားကိုစ​ပြောပြန်သည်။

"​ရှေး​ဟောင်းစွမ်းအင်​တွေဆိုတာက သူတို့ကိုရယူဖို့ဆိုရင်ကောင်းကင်ဘုံရဲ့ခွင့်ပြုချက်ကိုလိုအပ်တဲ့​တွေ့ ဆုံမှု​​တွေလို့​ပြောကြတယ်မလား....အရမ်းမစွမ်းကြ​တာ​တောင်မှသူတို့​တွေကအဖိုးတန်စွမ်းအင်​တွေပဲ...အဲ့​လောက်​တော့မင်းတို့သိကြတယ်မလား?"

"သိတယ် သိတယ်! ခပ်မြန်မြန်ရှင်းပြ​စမ်းပါ! ​ရွှေနဂါးကြီးရဲ့!"

ဘန်း!။

Raon မှာ​ရွှေစားပွဲကြီး​ပေါ် သို့အားဖြင့်ရိုက်ချလိုက်ပြီးသူ၏လက်ဖဝါးရာကျန်​စေခဲ့သည်။

"ဘယ်​လောက်​တောင်တုံးလိုက်လဲ...နဂါးတစ်​​ကောင်ဖြစ်ပြီးဒီ​လောက်​လေး​တောင်မသိဘဲနဲ့ရှင်းပြချက်လို​နေ​သေးတယ်"

Eruhaben သည်သူ၏အထင်အမြင်​သေးမှုအားမဖုံးကွယ်ခဲ့ဘဲ Raon အားစိုက်ကြည့်ကာ​လှောင်လိုက်သည်။ ထို့​​နောက် Raon ဘယ်လိုမျိုးပြန်တုံ့ပြန်မလဲဆိုသည်အား​​သူက​စောင့်ကြည့်၏။

"ငါကငတုံးမဟုတ်ဘူး...မြန်မြန်သာရှင်းပြစမ်းပါ!"

စိတ်ဆိုး​ဒေါသထွက်ရမည့်အစားသူအားစိုက်ကြည့်ရင်းရှင်းပြချက်ကို​စောင့်​နေသည့် Raon အား Eruhaben ကပြုံးပြသည်။ ထို့​​နောက်သူသည်စတင်ရှင်းတော့၏။

❝မြို့စားကြီးမိသားစုရဲ့ ဆန်ကုန်​​မြေ​လေး❝ || 𝗩𝗼𝗹𝘂𝗺𝗲 𝟮 (𝗠𝗠 𝗧𝗿𝗮𝗻𝘀)Where stories live. Discover now